အော်စကာဆုရ Parasite ဇာတ်ကားမှ သရုပ်ဆောင် လီဆန်းဂျွန် ရုတ်တရက်ကွယ်လွန်

အော်စကာဆုရ Parasite ဇာတ်ကားမှ သရုပ်ဆောင် လီဆန်းဂျွန် ရုတ်တရက်ကွယ်လွန်
Published 27 December 2023

အော်စကာဆုရတောင်ကိုရီးယားရုပ် ရှင်ဇာတ်ကား Parasite တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ်ရှိ မင်းသား လီဆန်းဂျွန် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

လီဆန်းဂျွန်၏အေဂျင်စီ Hondu & U Entertainment က မင်းသား လီဆန်းဂျွန် ကို လေးစားသောအားဖြင့် ထင်ကြေးပေးခန့်မှန်းပြောဆိုခြင်းများ၊ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ပရိသတ်ကို မေတ္တာရပ်ခံထားကာ  လီ၏စျာပနကို မိသားစု၊လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနှင့် သိုသိုသိပ်သိပ် ပြုလုပ်သွား မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ကိုရီးယားသတင်းများအရ လီသည်သေကြောင်းကြံမည့်ပုံစံမျိုးနှင့် စာတစ်စောင်ချန် ထားခဲ့ပြီး အိမ်မှ ထွက်သွားကြောင်း ရဲတပ်ဖွဲ့က  ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၂ မိနစ် ဝန်းကျင်တွင် သတင်းရခဲ့သည်။

ထို့နောက် မနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် လီကို ဆိုးလ်ရှိ waryong park ဥယျာဉ်အတွင်း ကားတစ်စီးထဲ၌ သတိလစ်လျက်တွေ့ခဲ့ကြ သည်။ကားထဲတွင် မီးသွေးတောင့်တွေ့ခဲ့သည် ဟုလည်း သတင်းများတွင်ဖော်ပြကြသည်။

လီသည် မူးယစ်ဆေးသုံးစွဲမှုသံသယဖြင့် စစ်ဆေးခံထားရသူဖြစ်သည်။ဆိုးလ်ရှိနာမည် ကျော်ဘားတစ်ခုတွင် အလုပ်လုပ်သည့် ဧည့် ကြိုမိန်းကလေးတစ်ဦး၏အိမ်တွင် မူးယစ်ဆေး များ သုံးနေသည်ဆိုသည့် သတင်းကြောင့် ရဲ တပ်ဖွဲ့၏စစ်ဆေးမှုကို သုံးကြိမ်ခံခဲ့ရသည်။ လီကမူ မူးယစ်ဆေးများသုံးမိအောင် ယင်း ဧည့်ကြိုက သူ့ကိုပရိယာယ်ဆင်ခဲ့ပြီး သူ့ကိုယ်သူ ဘာသုံးခဲ့မှန်းမသိဟု ထွက်ဆိုခဲ့သည်။

လီဆန်းဂျွန်သည်  နိုဝင်ဘာတွင် ဆေး နှစ်ကြိမ်အစစ်ခံခဲ့ရာ အဖြေ negative သာ ပြခဲ့သည်။ဒီဇင်ဘာ ၂၆ ရက်တွင်လီသည် သူ့ ကိုရော၊ ဧည့်ကြိုကိုပါ lie detector စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုသွားသည်။“တစ် ကယ်လို့ အဲဒီမိန်းကလေးပြောတာ အမှန်ဆို ရင် မှုခင်းဆေးအဖွဲ့ကစစ်တဲ့ ဆေးစစ်ချက်က အဖြေ positive ဖြစ်သင့်တယ်။ခု negative ဖြစ်နေတယ်” ဟု လီ၏ရှေ့နေက မီဒီယာကို ပြောသည်။

လီဆန်းဂျွန်သည် ရုပ်ရှင်မင်းသမီးဂျန် ဟယ်ဂျင်းနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး နှစ်ဦးရခဲ့သည်။

ဒါရိုက်တာ ဘွန်ဂျွန်ဟိုရိုက် ကူးပြီး လီပါဝင်သည့် ၂၀၁၉  ရုပ်ရှင် Parasite  သည် ၂၀၂၀ အော်စကာဆုပေးပွဲတွင် ဆုလေး ဆုဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးမူ ရင်းဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးနိုင်ငံခြား ဇာတ်ကားဆုတို့ ရခဲ့သည်။



 

Most Read

Most Recent