ရန်ဘီကပူးနှင့် အလီယာဘတ် ဇနီးမောင်နှံက သမီးဖြစ်သူကို မီဒီယာနှင့် ပထမဆုံးအကြိမ်မိတ်ဆက်

ရန်ဘီကပူးနှင့် အလီယာဘတ် ဇနီးမောင်နှံက သမီးဖြစ်သူကို မီဒီယာနှင့် ပထမဆုံးအကြိမ်မိတ်ဆက်
Photo: HT
Photo: HT
Published 26 December 2023

ရန်ဘီကပူးနှင့်အလီယာဘတ်တို့ ဇနီးမောင်နှံက သမီးဖြစ်သူရာဟာကပူးကို မွေးကတည်းက ကလေးမျက်နှာကို မီဒီယာသို့ချပြခဲ့ခြင်းမရှိဘဲ  ယခုခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅  ရက်)တွင်မူ ကပူးမိသားစုနေ့လည်စာစားပွဲသို့  ကလေးကိုခေါ်လာကာ မီဒီယာနှင့်မိတ်ဆက်ပေးခဲ့သည်။

ဆိုရှယ်မီဒီယာတွင် ပရိသတ်များက ရာဟာသည် ဆုံးပါးသွားပြီဖြစ်သည့်အဘိုးရီရှီ ကပူးနှင့်တူလွန်းသည်ဟု မှတ်ချက်ပေးကြသည်။အလီယာသည် ငယ်ချစ်သရုပ်ဆောင် ရန်ဘီကပူးနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီတွင်လက်ထပ် ခဲ့ပြီးရာဟာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် မွေးဖွားခဲ့သည်။သို့သော်ကလေးအ သက်တစ်နှစ်ကျော်လာသည်အထိ ရန်ဘီတိ့ု စုံတွဲက ကလေးဓာတ်ပုံများကို ထုတ်ပြခြင်းမရှိ ၊ ပါပါရာဇီများကိုလည်း ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ပေ။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ရန်ဘီက သူ့သမီးကိုသူမည်မျှချစ်ကြောင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော်အိမ်ကနေ မထွက်ချင်ဘူး။ဒီမနက် လေယာဉ်မထွက်ခင် သမီးနဲ့ မိနစ် ၂၀ နေလိုက်ရတာ အားကိုရှိသွားတာပဲ။ သမီးကိုလွမ်းလို့ သူ့ဓာတ်ပုံတွေပဲ ကြည့်နေမိတယ်။အိမ်မှာဆို အမြဲသမီးဘေးမှာပဲ။ပြီးခဲ့ တဲ့နှစ်ပတ်က သူစပြုံးလာပြီ” ဟုဆိုသည်။

Most Read

Most Recent