Money Heist  တွင် ဘာလင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် မင်းသား ပီဒရိုအလွန်ဆို Berlin ဇာတ်လမ်းတွဲ၌ ပြန်လည်ပါဝင်ခဲ့

Money Heist  တွင် ဘာလင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် မင်းသား ပီဒရိုအလွန်ဆို Berlin ဇာတ်လမ်းတွဲ၌ ပြန်လည်ပါဝင်ခဲ့
Published 24 December 2023

ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ပရိသတ်များကို ခဲ့သည့် Netflix ၏ Money Heist  ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီးနောက် နှစ် နှစ်အကြာတွင် ယင်းဇာတ်လမ်းတွဲ၌ ဘာလင်ဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသားပီဒရိုအလွန်ဆိုသည် Berlin အမည်ရှိ ဇာတ်လမ်းတွဲတွင် ပြန်လည်ပါဝင်ခဲ့ သည်ဟု သိရသည်။

ရည်မှန်းချက်ကိုသာ ဦးတည်သည့် ရာဇဝတ်မှုကြိုးကိုင်သူ ဇာတ်ကောင်အဖြစ် လူကြိုက်များခဲ့သော်လည်း ဘာလင်သည် စပိန်ဘာသာစကားပြောရုပ်ရှင် Money Heist  ၏ season ငါးခုတွင် season အစော ပိုင်း၌သေဆုံးခဲ့သော်လည်း နောက်ပိုင်းထွက်ရှိသည့် season များတွင်  နောက်ကြောင်းပြန်ပြကွက်အများ အပြား၌ ပြန်လည်မြင်တွေ့ခဲ့ရသည်။

လက်ရှိတွင် အလွန်ဆိုသည် ဒီဇင်ဘာ ၂၉ ရက်တွင် ထွက်ရှိလာမည့် အပိုင်းရှစ်ပိုင်းပါဝင်သော ရှေ့ဖြစ် ဇာတ်လမ်းတွဲ Berlin တွင် ပြန်လည် ပါဝင်လာခဲ့ပြီး ယင်းဇာတ်လမ်းတွဲသည် ပါရီ၏ ထိပ်သီးလေလံတိုက် များမှတစ်ခုကို ဓားပြတိုက်ရန် အရည်အချင်းရှိသော လူ့ခွစာအဖွဲ့ကို စုဆောင်းသည့် နာမည်တူလူကြီးလူ ကောင်းရာဇဝတ်သားအကြောင်း ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

စပိန်အမည်“La Casa de Papel” သို့မဟုတ် “Money Heist” ၌ ဘာလင်ဇာတ်ကောင်သည် ကြိုးကိုင် ခြယ်လှယ်တတ်သော ရက်စက်သည့် လူမှုဆက်ဆံရေးခေါင်းပါးသူ (sociopath) တစ်ဦးဖြစ်ရုံသာမက အ အလှည့်အပြောင်းများနှင့် ထိထိမိမိ စွဲမက်ဖွယ်ကောင်းသော ဇာတ်ကောင်အဖြစ် ဗဟိုပြုဖော်ပြထား သည်။ထို့ကြောင့် Netflix ၏ ထုတ်လုပ်ရေးအဖွဲ့သည် ဘာလင်ဇာတ်ကောင်ကို အစောပိုင်းတွင်သတ်ပစ် ခဲ့သော်လည်း နောက်ဆုံးအပိုင်းအထိ ဆက်လက်ဆွဲခေါ်ထားခြင်းဖြစ်သည်။

အသက် ၅၂ နှစ်အရွယ်အလွန်ဆိုက ကကြီကကြောင်နိုင်သော၊ လွှမ်းမိုးသော ခက်ခဲသည့်ဘာလင် ဇာတ်ကောင်သည် ၎င်း၏စိတ်အတွင်းပိုင်း၌ အမှန်တကယ်စွဲကပ်ခဲ့သည်ဟု ဆိုသည်။

 

“ဘာလင်ဇာတ်ကောင်ကသန် မာလားလို့ မေးရင်တော့ အမှန်ပါပဲ အတော်လေး သန်မာအားကောင်းပါ တယ်”ဟုအလွန်ဆိုက ဆိုသည်။

ထို့ပြင် အပိုင်းရှစ်ပိုင်းပါဝင်သည့် ရှေ့ဖြစ်ဇာတ်လမ်းတွဲသည် ပိုမိုအားကောင်းခိုင်မာလျက်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်ပုံဖော်ထားတဲ့ ဇာတ်ကောင်တွေအားလုံးက ကျွန်တော့်အစိတ်အပိုင်းတွေပါ။ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ ဖြစ်တည်မှုနဲ့အတူ ဒီဇာတ်ကောင်တွေကို ပုံဖော်ထားတာဖြစ်ပါတယ်” ဟုဆိုသည်။

“ဒါပေါ့။ကျွန်တော့်စိတ်ထဲမှာ ဘာလင်က စွဲကပ်နေပါတယ်။ဒါပေမဲ့ ဒီနှစ်မှာ ကျွန်တော်သရုပ်ဆောင်ခဲ့ရတဲ့ နောက်ထပ်ဇာတ်ကောင်တွေကတော့ ဦးဆောင်နိုင်တဲ့ Alphamale အမျိုးအစားမဟုတ်တဲ့ဖခင် တစ်ဦးဇာတ်ကောင်အဖြစ် အရက်စွဲနေတဲ့ လူတစ်ယောက်ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်” ဟု အ လွန်ဆိုက ဆိုသည်။

 

Most Read

Most Recent