၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိ
Published 23 December 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာ ၈ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ  ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၇ သန်းကျော်လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၉၀၉ ဒသမ ၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၆၇ ဒသမ ၈ သန်းလျော့ကျခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ ဒသမ ၅ သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၀၅၅ ဒသမ ၁ သန်းနှင့် တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၀၇ ဒသမ ၅ သန်း၊ စတုတ္ထ သုံးလပတ်အတွင်း ဒေါ်လာ ၉၂၀ ဒသမ ၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၉၉၂ ဒသမ ၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။     

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာတွင် သ ဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပ သို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှု အနေဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊ မတ်တွင် ဒေါ်လာ ၂၅ရဒသမ ၇ သန်း၊ ဧပြီတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊ မေတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ ဇွန်တွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၂၈၄ဒသမ ၀ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊ အောက်တိုဘာတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်းဖြင့်  စုစုပေါင်းဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ် လာ ၃ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့် လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန် ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့် နှစ် စက်တင်ဘာအထိ ပြည်ပသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်း လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။

Most Read

Most Recent