၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၂ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၁၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်(Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသောငွေလဲလှယ်နှုန်းအပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
စျေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့်နိုင်ငံခြားငွေအား ပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲ ပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။
နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။