ဆေး၊ ဆေးဝါးကုန်ကြမ်း၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ CMP ကုန်ကြမ်းပစ္စည်းများအပါအဝင် ကုန်စည် ၁၄ မျိုးကို သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြု

ဆေး၊ ဆေးဝါးကုန်ကြမ်း၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ CMP ကုန်ကြမ်းပစ္စည်းများအပါအဝင် ကုန်စည် ၁၄ မျိုးကို သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြု
Published 22 December 2023

ဆေး၊ ဆေးဝါးကုန်ကြမ်း၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ CMP ကုန်ကြမ်းပစ္စည်းများအပါအဝင် ကုန်စည် ၁၄ မျိုးကို သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမပြုမီ အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းသိုလှောင်ခွင့်ပြု  ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၁၆/၂၀၂၃)ဖြင့် အသိပေးချက်ထုတ်ပြန်ထားသည်။

အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းမည့်ကုန်ပစ္စည်းအပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးအတွက် ဆိပ်ကမ်းသို့မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၇/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာစျေးလျော့ကျသည့်အချိန်တွင် ဝယ်ယူစုဆေ င်းသိုလှောင်၍ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း၊ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သော ကုန်ပစ္စည်းများကို လိုအပ်သည့်အချိန်တွင် တင်သွင်းသိုလှောင်ခြင်းတို့ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ဖော်ပြပါကုန်စည်များကို သွင်းကုန်လိုင်စင်ကြိုတင်ရယူရန်မလိုဘဲ အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်ကြောင်း ကြေညာထားသည်။

ယင်းကုန်စည်များမှာ ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးသွင်းအားစုများ (မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး)၊ တိရစ္ဆာန်သုံးဆေးဝါးများ၊ စက်ဆီ၊ ချောဆီနှင့်အခြားစက်မှုသုံးဆီများ၊ ထုပ်ပိုးပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၂၃၏အပိုဒ်၁(ဌ)ပါ ပစ္စည်းများ(ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများနှင့်အပိုပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်းများ (ပလတ်စတစ်ကော်စေ့၊ ပလတ်စတစ်ကုန်ကြမ်းများအပါအဝင်)၊ စက်မှုကုန်ကြမ်းဓာတုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းပစ္စည်းများ (စားသောက်ကုန်ထုတ်လုပ်ငန်းများအတွက် ပြည်တွင်းထုတ်လုပ်သည့်ကုန်ကြမ်းနှင့် မလုံလောက်သဖြင့် ပြည်ပမှတင်သွင်းမှုကို အခြေခံသော  စားသောက်ကုန်ကြမ်းပစ္စည်းများ)၊ CMP စနစ်၏ အစိတ်အပိုင်းဖြစ်သောကုန်ကြမ်းပစ္စည်း၊ ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်မှုအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ၊ ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့်စက်ပစ္စည်းများဖြစ်သည်။

အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းသိုလှောင်နိုင်မည့် ကုန်စည်အမျိုးအစားအုပ်စုများကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent