အသက် ၁၄ နှစ်ငယ်ပြီး ခုနစ်နှစ်ကြာတွဲလာသည့် ချစ်သူ ဘရိုင်ယန်တာနာကာနှင့် မရိုင်ယာကယ်ရီတို့ လမ်းခွဲ

အသက် ၁၄ နှစ်ငယ်ပြီး ခုနစ်နှစ်ကြာတွဲလာသည့် ချစ်သူ ဘရိုင်ယန်တာနာကာနှင့် မရိုင်ယာကယ်ရီတို့ လမ်းခွဲ
Published 21 December 2023

အမေရိကန်တေးရေးတေးဆို မရိုင်ယာ ကယ်ရီက ခုနစ်နှစ်ကြာတွဲလာသည့် ချစ်သူ ဘရိုင်ယန်တာနာကာနှင့် လမ်းခွဲလိုက်ပြီဖြစ်ကာ လမ်းခွဲလိုက်သည့်အကြောင်းက တာနာကာ ကလေးလိုချင်သည့်ကိစ္စကြောင့်ဟု သတင်းပေးတစ်ဦးက Page Six  မီဒီယာသို့ ဖွင့်ချခဲ့သည်။

အဓိကက အသက် ၁၄ နှစ်ကွာနေမှုဖြစ်ပြီး တာနာကာ(အသက်၄၀)က  အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ကယ်ရီနှင့် ဖြစ်ချင်သည့်ဆန္ဒများ မတူကြောင်း၊ တာနာကာက မိသားစုတည်  ဆောက်လိုကြောင်း ၎င်းသတင်းပေးက ဆိုသည်။

မရိုင်ယာကယ်ရီတွင်  ယခင်အိမ်ထောင်  နစ်ကန်နန်နှင့်ရသည့် အသက် ၁၂ နှစ်အရွယ်ရှိ အမြွှာကလေးနှစ်ဦးရှိပြီး တာနာကာတွင်မူ  သားသမီးမရှိသေးပေ။ကယ်ရီနှင့် အရန်အကသမား တာနာကာတို့ တွဲလာကြသည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည်။ယခုတစ်ပတ်အတွင်း ကယ်ရီက သူနှစ်စဉ်ခရီးထွက်နေကျဖြစ်သည့် ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့ကို တစ်ကိုယ်တည်းသွားလိုက်ကတည်းက လူခန့်မှန်းစရာ ဖြစ်သွားခဲ့သည်။

ထို့ပြင် နိုဝင်ဘာတွင်စတင်ခဲ့သည့် ကယ်ရီ၏ Merry Christmas One and All ဖျော်ဖြေပွဲတွင်လည်း တာနာကာပျောက်နေခဲ့သည်။သူသည် ၂၀၀၆ ခုနှစ်ကတည်းက မရိုင်ယာကယ်ရီ၏ အကအဖွဲ့တွင်အလုပ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စဒိတ်ခဲ့သည်။မတ်လက ကယ်ရီ၏မွေးနေ့တွင် သူတို့နှစ်ဦး အတူရှိခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် ကယ်ရီတို့အတွဲပြတ် သွားကြသေးသည်။သို့သော်သိပ်မကြာလိုက် ပြန်တွဲသွားကြသည်။

Queen of Christmas ဟု ပရိသတ်က ချစ်စနိုးနာမည်ပေးထားသည့် ကယ်ရီက  People မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် နောက်ထပ်လူရိပ်မိချင်စရာ မှတ်ချက်တစ်ချို့ကိုပြောသွားခဲ့သည်။မနှစ်က ခရစ္စမတ်ကာလသည် သူ့အတွက်ပျော်စရာမကောင်းခဲ့သည့်အတွက် ယခုလာမည့်ခရစ္စမတ်ကို သူရောက်ချင် နေပြီဟု ပြောသည်။လာမည့်ခရစ္စမတ်တွင် ပျော်ကြမည်ဟုလည်း ပရိသတ်ကို သူအသိပေးထားသည်။၁၉၉၄ ခုနှစ်တွင်ထွက်သည့် ကယ်ရီ၏  All I Want for Christmas is You သီချင်းသည်  အမျိုးသမီးအဆိုတော် များ၏  holiday သီချင်းများထဲ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။ကယ်ရီသည် ဂရမ်မီဆုငါးဆု၊ အမေရိကန်တေးဂီတဆု ၁၀ ဆု၊ Billboard တေးဂီတဆု ၁၆ ဆုနှင့် ကမ္ဘာ့ဂင်းနစ်စံချိန် ၁၂ ခုတို့ ပိုင်ဆိုင်ထားသည်။

Most Read

Most Recent