တေလာဆွစ်က ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးအကြိုနေ့ကို ချစ်သူ ထရားဗစ်ကယ်လ်ဆီနှင့်အတူ ဖြတ်သန်းမည်

တေလာဆွစ်က ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးအကြိုနေ့ကို ချစ်သူ ထရားဗစ်ကယ်လ်ဆီနှင့်အတူ ဖြတ်သန်းမည်
Published 20 December 2023

တေလာဆွစ်က လာမည့်ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးအကြိုနေ့ကို ချစ်သူ NFL  ဘောလုံးကစားသမား ထရားဗစ်ကယ်လ်ဆီနှင့် အတူဖြတ်သန်းမည်ဖြစ်ပြီး ကန်းဆက်မြို့တွင်ရှိနေလိမ့်မည်ဟု သတင်းပေးတစ်ဦးက  Page SiX သို့ ပြောသည်။

ကယ်လ်ဆီက ထိုနှစ်ရက်လုံးတွင် အလုပ်ရှိသည့်အတွက် သေချာပေါက်ဆွစ်က    ကယ်လ်ဆီတို့အသင်းယှဉ်ပြိုင်မည့် NFL  ပွဲများတွင်ရှိနေလိမ့်မည်ဟုလည်း သတင်း ပေးကဆိုသည်။သို့သော်ပြိုင်ပွဲနှစ်ရက်ကြား ကာလတွင် ဆွစ်က ကန်းဆက်တွင်ဆက်နေမည်လား၊ သို့မဟုတ် မိဘများရှိရာ တန်နက်ဆီပြည်နယ်သို့ ပြန်မည်လား မသိရသေးပေ။

အကယ်၍ ဆွစ်မိသားစုရော၊ ကယ်လ်ဆီ၏မိသားစုပါ ကန်းဆက်ရှိ ထရားဗစ်၏အိမ်တွင် ပိတ်ရက်ကာလဖြတ်သန်းကြမည်ဆိုလျှင်လည်း အခန်းများစွာက စောင့်ကြိုနေ သည်။ကယ်လ်ဆီကအိပ်ခန်းခြောက်ခန်း၊ ရေချိုးခန်းခြောက်ခန်းပါသည့် အမေရိကန် ဒေါ်လာခြောက်သန်းတန်အိမ်ကို အောက်တိုဘာကမှ ဝယ်ထားသောကြောင့်ဖြစ်သည်။ ကားခြောက်စီးဆန့်ဂိုဒေါင်နှင့် ၀ိုင်ခန်းတစ်ခန်း၊ ရေကူးကန်၊ တင်းနစ်ကွင်းတစ်ခုနှင့် ဂေါက်ကွင်းအသေးစားတစ်ခုတို့လည်း ပါသည်။

ဆွစ်နှင့်ကယ်လ်ဆီတို့ တွဲနေသည့်သတင်း စက်တင်ဘာတွင် လူသိလာခဲ့ပြီး စေ့ စပ်လိုက်ပြီဆိုသည့် ကောလာဟလများလည်း လတ်တလောထွက်လိုက်သေးသည်။ လာမည့်  ဒီဇင်ဘာ ၂၅ ရက်နှင့် ၃၁ ရက်က သူတို့ချစ်သူနှစ်ဦးအတွက် ပထမဆုံးဖြတ်သန်းမည့် ပိတ်ရက်ကာလလည်းဖြစ်သည်။ ဆွစ်သည် တစ်နှစ်ပတ်လုံး ကမ္ဘာပတ်ဖျော်ဖြေပွဲများကြောင့် ပင်ပန်းနေခဲ့ပြီး အိပ်ရာမှမခွာချင်အောင်ဖြစ်ခဲ့ရပုံကို တိုင်းမ်မဂ္ဂဇင်းသို့ပြောပြခဲ့သည်။ 

Most Read

Most Recent