ဘဏ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိခဲ့သဖြင့် FMI အုပ်စု၏ ၂၀၂၃ နှစ်ဝက်အတွက်ဝင်ငွေသည် ယခင်နှစ်ဝက်ထက် ၄၄ ရာခိုင်နှုန်းတိုးတက်

ဘဏ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိခဲ့သဖြင့် FMI အုပ်စု၏ ၂၀၂၃ နှစ်ဝက်အတွက်ဝင်ငွေသည် ယခင်နှစ်ဝက်ထက် ၄၄ ရာခိုင်နှုန်းတိုးတက်
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကိုတွေ့ရစဉ်
Published 19 December 2023

ဘဏ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိခဲ့ဖြင့် FMI အုပ်စု၏ ၂၀၂၃ နှစ်ဝက်အတွက်ဝင်ငွေမှာ ယခင်နှစ်ဝက်ထက် ၄၄ ရာ ခိုင်နှုန်းတိုးတက်ခဲ့ကြောင်း FMI အုပ်စု၏  နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂၉ ဒသမ ၄ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေကျပ် ၁၅၉ ဒသမ ၄ ဘီလျံနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ငွေတိုးတက်ရသည့်အဓိကအကြောင်းအရင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ရိုးမဘဏ်)နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ပန်းလှိုင်ဆေးရုံအုပ်စု)တို့မှ ဝင်ငွေများတိုးမြင့်ရရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရိုးမဘဏ်မှရရှိသောဝင်ငွေသည် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၃၀ ဒသမ ၄ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉၀ ဒသမ ၇ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၂ ရာ ခိုင်နှုန်းတိုးတက်ခဲ့ပြီး ကုမ္ပဏီအုပ်စု၏ဝင်ငွေတိုးတက်မှုကို အများဆုံးထောက်ပံ့ပေးနိုင်ခဲ့သည်။

ထိုသို့ ဝင်ငွေတိုးမြင့်လာခြင်း၏အဓိက အကြောင်းအရင်းမှာ ဘဏ်ချေးငွေအမျိုး မျိုးနှင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုမှရရှိသော ဝင်ငွေများတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။

ပန်းလှိုင်ဆေးရုံအုပ်စုမှဝင်ငွေရရှိမှုမှာလည်း ၂၀၂၂ စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၂၉ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃  စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃၈ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအား ဖြင့် ၃၁ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။  အဆိုပါဝင်ငွေတိုးမြင့်လာရခြင်းမှာ အဓိကအားဖြင့် ဆေးရုံများ၏ ပင်မဝန်ဆောင်မှုဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော  ကျန်းမာရေးစစ် ဆေးမှု၊အရေးပေါ်ကုသမှု၊ အတွင်းလူနာနှင့် ပြင်ပလူနာစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများမှ ဝင်ငွေပို၍ ရရှိလာခြင်းကြောင့်ဖြစ်သည်။

ကုမ္ပဏီအုပ်စု၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေး နှစ်ဝက်အတွက် အကြမ်းအမြတ်သည် ကျပ် ၉၀ ဒသမ ၉ ဘီလျံရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်၏ အကြမ်းအမြတ် ၅၃ ဒသမ ၉ ဘီလျံနှင့် နှိုင်းယှဉ်လျှင်ရာခိုင်နှုန်းအားဖြင့် ၆၈ ဒသမ ၆ ရာခိုင်နှုန်းတိုးမြင့်ခဲ့သည်။ထိုသို့ အ ကြမ်းအမြတ်တိုးမြင့်ခြင်း၏အဓိကအကြောင်းအရင်းမှာ ရိုးမဘဏ်၏ အပ်ငွေအပေါ်ပေးရသော ကုန်ကျစရိတ်ထက် အတိုးမှရရှိသောဝင်ငွေနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု မှရရှိသောဝင်ငွေများ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent