ဒီဇင်ဘာ ၁၈ ရက်တွင် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်း ကျင်ရှိ

ဒီဇင်ဘာ ၁၈ ရက်တွင် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်း ကျင်ရှိ
Published 18 December 2023

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (Online Trading) တွင် အရောင်းအဝယ် ပြုလုပ်ရာ၌ ငွေလဲနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းအ ပေါ်မူတည်၍ Market Rate အတိုင်း လွတ် လပ်စွာဆောင်ရွက်ရန် ဖော်ပြထားသည်။

စျေးကွက်အတွင်း  ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအားပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ  လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent