၎င်းတို့၏အချစ်ရေးကို တေလာဆွစ်က အဆုံးသတ်ခဲ့ကြောင်း တေလာလော့နာ ထုတ်ဖော်ပြောကြား

၎င်းတို့၏အချစ်ရေးကို တေလာဆွစ်က အဆုံးသတ်ခဲ့ကြောင်း တေလာလော့နာ ထုတ်ဖော်ပြောကြား
Published 17 December 2023

၎င်းတို့၏အချစ်ရေးကို တေလာဆွစ်က အဆုံးသတ်ခဲ့ခြင်းဖြစ်သည်ဟု တေလာလော့နာက ထုတ် ဖော်ပြောကြားခဲ့သည်။

အသက် ၃၁ နှစ်အရွယ်Twilight မင်းသားလော့နာသည် အ သက် ၃၃နှစ်အရွယ်အဆိုတော် တေလာဆွစ်နှင့် ၂၀၀၉ ခုနှစ်က တွဲခဲ့ပြီး ၎င်းတို့၏အချစ်ရေးအကြောင်းကို Speak Now အယ်လ်ဘမ်တွင် ထည့်ဆိုခဲ့ကာ မကြာသေးမီက ထွက်ရှိခဲ့သည့် ဆွစ်၏I Can See You တေးသီချင်းဗီဒီယိုတွင်လည်း လော့နာ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် အဆက်အသွယ်ပြတ်ခဲ့ပြီး စကားမပြောဖြစ်သည်မှာ ခေတ္တကြာမြင့်ခဲ့သော်လည်း အခင်အမင်အပျက်ရှိနေသေးသည်ဟု လော့နာက ဆိုသည်။

၎င်းတို့တွဲခဲ့သည့် အချိန်ကာလသည် ၎င်း၏ဘဝတွင်အကောင်းဆုံး အခိုက်အတန့်များမှတစ်ခုဖြစ်သည်ဟု လော့နာက ပြောကြားခဲ့သည်။

ဆွစ်၏ Speak Now တွင်ပါဝင်သော Back To December သည် လော့နာအကြောင်း သီဆိုခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦး၏ ဇာတ်လမ်းကို Call Her Daddy podcase တွင် မေးမြန်းခဲ့ရာ၌ လော့နာက ဆွစ်သည် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကလည်း လက်ခံခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

 

“ကျွန်တော် ဘာဖြစ်ခဲ့လဲဆိုတာ အတိအကျပြန်စဉ်းစားကြည့်ရင်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့သူ(ဆွစ်) ကလမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရိုးသားဆုံးပြောရရင် သူနဲ့အတူရှိခဲ့တဲ့ အချိန်ကဘဝမှာ အကောင်းဆုံးတွေ ထဲကတစ်ခုပါ” ဟုလော့နာက ဆိုသည်။

Most Read

Most Recent