မင်းသားဒီပါဒီယူအား လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ကျူးလွန်သူဟု ပထမဆုံးစွပ်စွဲခဲ့သည့် မင်းသမီး၏ သေဆုံးမှုဖြစ်စဉ်ကို ပြင်သစ်အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

မင်းသားဒီပါဒီယူအား လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ကျူးလွန်သူဟု ပထမဆုံးစွပ်စွဲခဲ့သည့် မင်းသမီး၏ သေဆုံးမှုဖြစ်စဉ်ကို ပြင်သစ်အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ
Published 17 December 2023

ရုပ်ရှင်မင်းသားဂျရတ်ဒီပါဒီယူကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ကျူးလွန်သူဟု ပထမဆုံးစွပ်စွဲသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မင်းသမီး၏ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်သစ်အာဏာပိုင်များက စုံစမ်း စစ်ဆေးနေသည်ဟု အစိုးရရှေ့နေများက ယခုသီတင်းပတ်တွင်ပြောကြားခဲ့သည်။

ဒီပါဒီယူကို နှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုဖြင့် စွပ်စွဲမှုများကို ရုပ်မြင်သံကြားတစ်ခုတွင် ထုတ်လွှင့်ခဲ့ပြီးနောက် တစ်ရက်အကြာ ဒီဇင်ဘာ ၇ ရက်တွင်အသက် ၆၀ အရွယ် မင်းသမီးအီမန်နျူရယ်ဒီဘီဗာသည် မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်ဟု မီဒီယာအများအပြားတွင် ဖော်ပြထားသည်။

၎င်း၏ချစ်သူက ဒီဘီဗာသည် နေအိမ်မှ ထွက်ခွာခဲ့ကာ စိုးရိမ်ဖွယ် စာတစ်စောင်ကို ချန်ထားခဲ့သည်ဟု  ရဲတပ်ဖွဲ့ကို နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ယင်းနောက် ရဲတပ်ဖွဲ့က Seine မြစ်ပေါ်ရှိ တံတား တစ်စင်းမှ ခုန်ချခဲ့သော အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သည်။

ဒီဘီဗာသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် သူသည် ၂၀၁၉ ခုနှစ်က Facebook ပိုစ့်တစ်ခုအပါအဝင် ဒီပါဒီယူ၏ မသင့်လျော်သော အပြုအမူနှင့်ပတ်သက်၍ တိုင်ကြားခဲ့သည်ဟု မီဒီယာတွင်ဖော်ပြထားသည်။

“ဒီဖြစ်စဉ်အသစ်ကို ထောက်ရှုပြီး ဒီသေဆုံးမှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုစတင် လုပ်ဆောင်လိုက်ပါတယ်”ဟုအစိုးရရှေ့နေများက ဆိုသည်။

ဒီဘီဗာ၏ Facebook ပို့စ်သည် ဒီပါဒီယူ၏အပြုအမူအတွက် ပထမဆုံးထုတ်ဖော်ပြောကြားသူများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြင်သစ်တော်လှန်ရေးကာလ အကြောင်းဇာတ်အိမ်တည်ထားသည့် ၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့သည့်Danton ရုပ်ရှင်ရိုက်ကူးစဉ်အတွင်း ဒီပါဒီယူသည် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

 ဒီဘီဗာသည် ၂၀၁၉ခုနှစ်က ဒီပါဒီယူကို အဓမ္မပြုကျင့်မှုနှင့်လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအတွက်အ မှုဖွင့်ခဲ့သော်လည်း အကြောင်းထူးလာခြင်းမရှိဟု လူအများအပြားက လူမှုမီဒီယာတွင်ပြောကြားခဲ့သည်။ အစိုးရရှေ့နေရုံးကမူ ယင်းပြောကြားခြင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိပေ။

ဒီဇင်ဘာ ၇ ရက်က France 2 ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သောနောက်ဆုံးအကြိမ်ဖော်ပြချက်၌ ဒီပါဒီယူသည် ၂၀၁၈ခုနှစ်က မြောက်ကိုရီးယားခရီးစဉ်တစ်ခုအတွင်း အမျိုးသမီးစကားပြန်တစ်ဦး၏ တည်ရှိမှုအပေါ် လိင်ပိုင်းဆိုင်ရာဆိုးရွားသော မှတ်ချက်များပြောကြားခဲ့သည်ဟု ဆိုသည်။

မင်းသမီးရှားလော့အာနိုးသည် ၎င်းအသက် ၂၂နှစ်အရွယ်ဖြစ်သည့် ၂၀၁၈ ခုနှစ်က ဒီပါဒီယူသည်၎င်းကို နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု အင်တာဗျူးတစ်ခုတွင်ဆိုသည်။ဒီပါဒီယူကို ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာတွင် တရားဝင်စုံစမ်းစစ်ဆေးခဲ့သော်လည်း ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမရှိကာ ၎င်းကိုစွပ်စွဲထားသည့်နောက် ထပ် အမျိုးသမီး၁၃ ဦးရှိသည်။

Most Read

Most Recent