လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့သည့် ၁၀ နိုင်ငံစာရင်း၌ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်တို့ အစဉ်လိုက်ရပ်တည်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့သည့် ၁၀ နိုင်ငံစာရင်း၌ ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်တို့ အစဉ်လိုက်ရပ်တည်
မြန်မာနိုင်ငံ၏အဓိကပို့ကုန်တစ်ခုဖြစ်သည့် အဝတ်အထည်များ ချုပ်လုပ်သည့်စက်ရုံတစ်ခုကိုတွေ့ရစဉ်
မြန်မာနိုင်ငံ၏အဓိကပို့ကုန်တစ်ခုဖြစ်သည့် အဝတ်အထည်များ ချုပ်လုပ်သည့်စက်ရုံတစ်ခုကိုတွေ့ရစဉ်
Published 16 December 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး တင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင် ထိုင်း၊တရုတ်၊ဂျပန်၊အိန္ဒိယ၊အမေရိကန်၊ဂျာမနီ၊စပိန်၊ ပိုလန်၊တောင်ကိုရီးယား၊ဗြိတိန်တို့အစဉ် လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ပို့ကုန်အများဆုံး တင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင် နိုင်ငံအလိုက် ပို့ကုန်တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၄၇၂ ဒသမ ၈၆၆ သန်း၊တရုတ်နိုင်ငံသို့ ဒေါ်လာ ၁၉၃၁ ဒသမ ၂၃၈ သန်း၊ဂျပန်နိုင်ငံသို့ဒေါ်လာ ၇၈၄ ဒသမ ၇၀၃ သန်း၊ အိ န္ဒိယနိုင်ငံသို့ဒေါ်လာ ၅၇၂ ဒသမ ၁၀၇ သန်း၊ အမေရိကန်နိုင်ငံသို့ဒေါ်လာ ၄၁၂ ဒသမ ၆၇၅ သန်း၊ဂျာမနီနိုင်ငံသို့ဒေါ်လာ ၃၅၆ ဒသမ ၃၀၁ သန်း၊စပိန်နိုင်ငံသို့ဒေါ်လာ ၃၂၁ ဒသမ ၄၁၂ သန်း၊ ပိုလန်နိုင်ငံသို့ဒေါ်လာ ၃၁၆ ဒသမ ၈၀၆ သန်း၊တောင်ကိုရီးယားနိုင်ငံသို့ဒေါ်လာ ၂၆၁ ဒသမ ၄၅၇ သန်း၊ ဗြိတိန် နိုင်ငံသို့ဒေါ်လာ ၂၂၂ ဒသမ ၈၉၀ သန်းတင် ပို့ထားကြောင်း ဖော်ပြထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် စားအုန်းဆီတင်သွင်းမှုဒေါ်လာ ၂၄၅ သန်းကျော်၊ ဓာတ်မြေသြဇာ ၃၂၉ သန်းတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကား ပြီး စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ  ၁ ရက်အထိ မြန်မာနိုင်ငံမှတင်သွင်းသည့် အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် လယ်ယာကဏ္ဍသွင်းကုန်ဆိုင်ရာကုန်ပစ္စည်းများ၏ တင်သွင်းမှုအခြေအနေမှာ စားအုန်းဆီ တန်ချိန် ၂၄၃၈၇၄ တင်သွင်းမှုမှ တန်ဖိုးဒေါ် လာ ၂၄၅ ဒသမ ၅၁ သန်း၊ ဓာတ်မြေသြဇာတန်ချိန် ၈၄၉၆၇၀ တန်တင်သွင်းမှုမှဒေါ်လာ ၃၂၉ ဒသမ ၃၉သန်း၊ ဂျုံစေ့တန်ချိန် ၁၅၃၁၃၉ တန်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၆၅ ဒသမ ၂၂ သန်းနှင့် ဂျုံမှုန့်တန်ချိန် ၆၃၆ တင်သွင်းမှုမှ ဒေါ်လာ ၀ ဒသမ ၃၆ သန်း ပါဝင်သည်။

အခြားတင်သွင်းကုန်များဖြစ်သည့် နို့ဆီမှာ တန်ချိန် ၈၁၄၁ တင်သွင်းမှုမှ ဒေါ်လာ ၁၁ ဒသမ ၃၂ သန်း၊ နို့စိမ်းမှာ တန်ချိန် ၈၆၃၂ တင်သွင်းမှုမှ ဒေါ်လာ ၁၂ ဒသမ ၈၃ သန်းနှင့် နို့မှုန့်တန်ချိန် ၄၁၄၂ တင်သွင်းမှုမှ ဒေါ်လာ ၁၂ ဒသမ ၁၉ သန်းစီ ပါရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကိန်းဂဏာန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ မြေသြဇာတင်သွင်းမှု စုစုပေါင်း ၈၁၉၈၁၀ တန်တင်သွင်းခဲ့သည်။ အဆိုပါတင်သွင်းမှုတွင် နိုက်ထရိုဂျင် ၄၉၅၃၇၆ တန်၊ ဖော့စဖိတ် ၂၉၅၃၆တန်၊  ပိုတက်စီယမ် ၂၇၂၃၀ တန်၊ ကွန်ပေါင်း ၂၅၇၁၇၃ တန်၊ ဖော်လာ ၄၄၆ တန်၊ အော်ဂဲ နစ် ၁၅၆၇ တန်၊ ဂျစ်ပဆန် ၉၆၄ တန်နှင့် အ ခြားမြေသြဇာ စုစုပေါင်း ၇၅၁၈ တန်အသီးသီးပါဝင်ကြောင်း သိရသည်။

Most Read

Most Recent