(၇၇) ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော် အကဲဖြတ်ဒိုင်အဖွဲ့ကို Barbie ဇာတ်ကားဒါရိုက်တာ ဂရတ်တာဂါးဝစ် ဦးဆောင်မည်

(၇၇) ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော် အကဲဖြတ်ဒိုင်အဖွဲ့ကို Barbie ဇာတ်ကားဒါရိုက်တာ ဂရတ်တာဂါးဝစ် ဦးဆောင်မည်
Published 15 December 2023

၂၀၂၃ ခုနှစ်အတွင်း ဝက်ဝက်ကွဲအောင် မြင်လူကြိုက်များခဲ့သည့် Barbie ဇာတ်ကား ဖန်တီးသူ ဒါရိုက်တာဂရတ်တာဂါးဝစ်က နောက်နှစ်မေတွင်ကျင်းပမည့် ၇၇ ကြိမ် မြောက်ကိန်းရုပ်ရှင်ပွဲတော်၏ အကဲဖြတ်ဒိုင် အဖွဲ့ကို ဦးဆောင်သွားမည်ဟု ပွဲတော်စီစဉ်သူများက ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာ ထားသည်။

အသက် ၄၀ ရှိပြီဖြစ်သည့်ဂါးဝစ်က သရုပ်ဆောင် ၊ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်ပြီး ကိန်းပွဲတော်၏ ဒိုင်အဖွဲ့ခေါင်းဆောင်နေရာကို ရောက်လာသည့်  ပထမဆုံးအမေရိကန်  အမျိုးသမီးဒါရိုက်တာဖြစ်သည်။ များသောအားဖြင့် အမျိုးသားများကို တာဝန်ပေးလေ့ရှိသည့် ယင်းနေရာကို ၂၀၁၈ ခုနှစ်တွင် သြ စတြေးလျရုပ်ရှင်မင်းသမီး ကိတ်ဘလန်းချတ်က တာဝန်ယူခဲ့သည်။၂၀၁၈ ခုနှစ်နောက်ပိုင်း  ဂါးဝစ်က ယင်းနေရာကိုဝင်ယူမည့် ပထမဆုံး အမျိုးသမီးဖြစ်သည်။

၁၉၆၆ ခုနှစ်နောက်ပိုင်း ကိန်းပွဲတော်များတွင် အသက်ငယ်သည့် ဒိုင်ဥက္ကဌမရှိခဲ့ပေ။ ယခုငယ်ရွယ်သည့်ဂရတ်တာဂါးဝစ်၏ အကဲဖြတ်မှုများကို ကိန်းပွဲတော်တွင်မြင်ရတော့မည်။၁၉၆၆ ခုနှစ်ကိန်းပွဲတော်တွင် အီတလီမင်းသမီး ဆိုဖီယာလိုရန် ဒိုင်အဖွဲ့ကိုဦးဆောင်ခဲ့စဉ်က အသက် ၃၁ နှစ်သာရှိသေးသည်။ ဒိုင်အဖွဲ့တွင်ပါဝင်ကြမည့် အခြားသူများကို ပွဲတော်စီစဉ်သူများက ဆက်မကြေညာဘဲ တရားဝင်အရွေးခံရသည့် ဇာတ်ကားများကိုလည်း မသိရသေးပေ။

ဂါးဝစ်ရိုက်သည့် Barbie ဇာတ်ကားက  ၂၀၂၄ ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် ဇာတ်ဆောင်မင်းသမီးဆု၊ ဒါရိုက်တာဆုအပါအဝင် ဆုကိုးဆုလျာထားခံရသည်။

ပြီးခဲ့သည့်ကိန်းပွဲတော်တွင် ခင်ပွန်းသည်ကိုသတ်မှုဖြင့် စွပ်စွဲခံရသူ စာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a Fall  ပြင်သစ်ရုပ်ရှင်ဇာတ်ကားက ရွှေအုန်းပင်ဆု ဆွတ်ခူးသွားသည်။

ရွှေအုန်းပင်ဆု (Palme d!Or) သည် ကိန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အမြင့်ဆုံးဆုဖြစ်ပြီး ၁၉၅၅ ခုနှစ်မှ စတင်ပေးအပ်လာခဲ့သည်။ဒုတိယအမြင့်ဆုံးဆုက Grand Prix  ဖြစ်ပြီး The Zone of Interest  ဇာတ် ကားကရသွားသည်။ Auschwitz      နာဇီအကျဉ်းစခန်းအနီးနေထိုင်သည့် မိသားစုတစ်စုအကြောင်း ဂျွန်နီဒပ်ပါဝင်သည့် ပြင်သစ်ရှေးခေတ် ဒရာမာဇာတ်ကား Jeanne du Barry ဖြင့် ပွဲတော်ကို ဖွင့်လှစ်ခဲ့သည့်အတွက် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

Most Read

Most Recent