စက်ရုံ ၇၀၀ ကျော်ဖြင့် လည်ပတ်နေ သည့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း များတွင် ကိုဗစ်ကာလအတွင်း စက်ရုံ ၁၀၀ ကျော် ရပ်နားခဲ့ရကာ ဝင်ငွေရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းခဲ့ကြောင်း သုတေသနစစ် တမ်း များအရ သိရကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးမင်းမင်းက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်း ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် မှုတွေ ရှိခဲ့တာတွေ့ရမှာဖြစ်ပါတယ်။အထည် ချုပ်စက်ရုံ ၇၀၀ လောက် လည်ပတ် နေတာကနေ ပထမလှိုင်းမှာ စက်ရုံ ၅၀ ကျော်၊ ဒုတိယလှိုင်းမှာ စက်ရုံ ၅၀ ကျော် လောက် ရပ်နားခဲ့ရတာတွေ့ရမှာဖြစ်ပါ တယ်။ သူတို့ရဲ့ဝင်ငွေဟာ စုစုပေါင်း ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ သုတေသနစာတမ်းများမှာ တွေ့ရမှာဖြစ်ပါ တယ်။ ကိုဗစ်ကာလမှ အထည်ချုပ်လုပ်ငန်း တွေရှင်သန်စေဖို့အတွက် လိုအပ်တဲ့ကုန် ကြမ်းတွေ ကို တရုတ်နိုင်ငံကပဲ အချိန်မီဖြည့် ဆည်း ဆောင်ရွက်ခဲ့တာတွေ့ရှိရမှာဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးဦးမင်းမင်းက ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေး လိုအပ်သည့်သွင်းအားစု များကို တရုတ်နိုင်ငံက အဓိကထားဖြည့် ဆည်းလျက်ရှိကြောင်း သိရသည်။
“အထည်ချုပ်လုပ်ငန်းဟာဆိုရင် မြန်မာ နိုင်ငံလိုနိုင်ငံမျိုးမှာ ရင်းနှီးမြှုပ်နှံမှုအပါအ ဝင် စီးပွားရေးအတွက် တစိတ်တပိုင်းအား ဖြင့် အထောက်အကူဖြစ်ရုံမက အလုပ်အ ကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်တဲ့အ တွက် အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ်။ ကျွန် တော်ရဲ့အမြင်အရ အလုပ်အကိုင်အခွင့်အ လမ်းဖော်ဆောင်ပေးနိုင်တာမို့လို့ စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေအ နက် ပထမရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးအတွက်လည်း အကျိုးပြု နိုင်မယ်လို့ မြင်မိပါတယ်”ဟု ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအထည်ချုပ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးနှင့် စံ နှုန်းများ ပိုမိုအားကောင်းလာခြင်း၊ ထုတ် လုပ်မှုဆိုင်ရ ာရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာ ခြင်း၊ ပြည်တွင်းပြည်ပထောက်ပံ့ရေး ကွင်းဆက်များ ပိုမိုအားကောင်းလာစေရေး၊ ရေ ရည်တည်တံ့သည့် ကုန်သွယ်မှုမဟာမိတ် များ ထူထောင်နိုင်ခြင်း၊ အသွင်ကူး ပြောင်းရေးကို ဦးစားပေးလုုပ်ဆောင်ခြင်း ဖြင့် မြန်မာ့အထည်အလိပ်ထုတ်လုပ်မှုတွင် စွမ်းအားမြင့်တက်စေရေး ယခုကဲ့သို့ ပြပွဲများ မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက ဆိုသည်။