နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည်ဆိုပါက ဝင်ငွေခွန်များကို တပါတည်း ထမ်းဆောင်ရမည်ဟု တောင်ကိုရီးယားရှိ မြန်မာသံရုံးထုတ်ပြန်

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည်ဆိုပါက ဝင်ငွေခွန်များကို တပါတည်း ထမ်းဆောင်ရမည်ဟု တောင်ကိုရီးယားရှိ မြန်မာသံရုံးထုတ်ပြန်
Published 9 December 2023

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည်ဆိုပါက ဝင်ငွေခွန်များကို တပါတည်း ထမ်းဆောင်ရမည်ဟု တောင်ကိုရီးယားရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသူများအနေဖြင့် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် မြန်မာသံရုံးသို့ လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် ဝင်ငွေခွန်များကိုတစ်ပါတည်း ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပြီးသည့်သူများ အနေဖြင့်လည်း မိမိထမ်းဆောင်လိုသည့်ကာလများအတွက် စတင်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

ဝင်ငွေခွန်ထမ်းဆောင်ရာတွင် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် ပမာဏကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြည်ပ၌အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် အခွန်ပမာဏကိုထမ်းဆောင်ရခြင်းဖြစ်သည်ဟု အဆိုပါ သံရုံးက ထုတ်ပြန်သည်။

ဝင်ငွေခွန်ကို ထမ်းဆောင်ရာတွင် နည်းလမ်းနှစ်မျိုးဖြင့် တွက်ချက်ခြင်းဖြစ်ပြီး အဆိုပါနည်းလမ်းနှစ်မျိုးမှာ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များ နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက်အခွန်နှုန်းထားဖြင့် တွက်ချက်ခြင်း၊ ဝင်ငွေခွန်ဥပဒေအရ ခွင်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ခြင်းမပြုဘဲအခွန်နှုန်း နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent