၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှမော်တော်ယာဉ်အစီးရေ ၆၄ဝဝကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၄၁၈ စီးနှင့် ဘတ်စ်ကားအစီး ၅၀ ကျော်ပါဝင်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှမော်တော်ယာဉ်အစီးရေ ၆၄ဝဝကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၄၁၈ စီးနှင့် ဘတ်စ်ကားအစီး ၅၀ ကျော်ပါဝင်
Published 1 December 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှမော်တော်ယာဉ်အစီးရေ ၆၄ဝဝကျော် တင်သွင်းထားပြီး လူစီးယာဉ် ၁၄၁၈ စီးနှင့် ဘတ်စ်ကားအစီး ၅၀ ကျော်ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ် ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၃ ရက်အထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၄၁၈ စီးတင်သွင်းမှုမှ ဒေါ်လာ ၃၁ ဒသမ ၁၄ သန်း၊ ဘတ်စ်ကား ၅၄ စီးတင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၀၄ သန်း ၊ ထရပ်ကား ၈၅၅ စီးတင်သွင်းမှုမှ ဒေါ်လာ ၁၃ ဒသမ ၀၇ သန်း ၊ ယန္တယား ၄၀၉၅ စီးတင်သွင်းမှုမှဒေါ်လာ ၁၃၂ ဒသမ ၃၈ သန်း၊ယာဉ်အပိုပစ္စည်းတင်သွင်းမှုမှ ဒေါ်လာ ၃၅ ဒသမ ၁၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၂၁၅ ဒသမ ၇၅ သန်းရှိသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၃ ရက်အထိ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုအနေဖြင့် လူစီးယာဉ် ၁၁၈ စီးတင်သွင်းမှုမှ ဒေါ်လာ ၂ ဒသမ ၉၂ သန်း၊ ဘတ်စ်ကား ၁၁၇ စီးတင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၉ သန်း၊ထရပ်ကား၅၂၅  စီး တင်သွင်းမှုမှ ဒေါ်လာ ၆ ဒသမ ၃၇ သန်း ၊ ယန္တယား ၁၂၅၃ စီးတင်သွင်းမှုမှဒေါ်လာ ၆၇ ဒသမ ၃၃ သန်း၊ ယာဉ်အပိုပစ္စည်းတင်သွင်းမှုမှ ဒေါ်လာ ၄၀ ဒသမ ၂၄ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၁၈ ဒသမ ၇၆ သန်းရှိသည်။

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒ ယခင်အတိုင်းအပြောင်းအလဲမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ထားသည့်မူဝါဒမှာ လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက်သာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၂၃ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်အား သတ်မှတ်ရာတွင် လူစီးမော်တော်ယာဉ်များအနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များဖြစ်သည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်နှင့် ယန္တယားယာဉ်များကို ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များကို တင်သွင်းနိုင်ကြောင်း၊ လူစီးမော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များကို တင်သွင်းရာတွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent