၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၁၃၇၇ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ယခင်နှစ်စတုတ္ထသုုံးလပတ်ထက် အရောင်းအဝယ်ဖြစ်မြောက်မှု ၁၇ ရာခိုင်နှုန်း မြင့်တက်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၁၃၇၇ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ယခင်နှစ်စတုတ္ထသုုံးလပတ်ထက် အရောင်းအဝယ်ဖြစ်မြောက်မှု ၁၇ ရာခိုင်နှုန်း မြင့်တက်
ရန်တော့စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်လေ့လာနေသူများကို တွေ့ရစဉ်
ရန်တော့စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို လာရောက်လေ့လာနေသူများကို တွေ့ရစဉ်
Published 28 November 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၁၃၇၇ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ယခင်နှစ်စတုတ္ထသုံးလပတ်ထက် အရောင်းအဝယ်ဖြစ်မြောက်မှု ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မြောက်မှုနှင့်  ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီရှစ်ခုမှ အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ၃၁၆၇၃၄ ရှိကာ ပထမသုံးလပတ်အတွင်း ၄၇၇၅၀၂ ရှိခဲ့သည်။ ပထမသုံးလပတ်အတွင်းမှာ စတုတ္ထသုံးလပတ်ကာလ ထက် ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး စုစုပေါင်းအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ကျပ် ၁၁၃၇  သန်း ရှိခဲ့သည်။ ပထမသုံးလပတ်အတွင်း ကျပ် ၁၃၇၇ သန်းရှိခဲ့သည်။ ပထမသုံးလပတ်အတွင်းမှာ စတုတ္ထသုံးလပတ်ကာလထက် အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့်ရှယ်ယာစောင်ရေအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ၅၁၀၉ ရှိခဲ့ပြီး ပထမသုံးလပတ်အတွင်း ၈၅၂၇ ရှိခဲ့သဖြင့် ပထမသုံးလပတ်ကာလအနေဖြင့် စတုတ္ထ သုံးလပတ်ကာလထက် ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

နေ့စဉ် ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ကျပ်သန်း ၁၈ ဒသမ ၃၃ ရှိခဲ့ပြီး ပထမသုံးလပတ်အတွင်း ကျပ်သန်း ၂၄ ဒသမ ၅၉ ရှိခဲ့သည်။ သို့ဖြစ်ရာ ပထမသုံးလပတ်မှာ စတုတ္ထသုံးလပတ်ကာလထက် ၂၅ ခိုင်နှုန်း မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၈ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီကစျေးနှုန်းမှာ ကျပ် ၈၈၀၀ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၂၆ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၂၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၉၀၂ ခုရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာ ၇၀၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၆၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၆၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၁၆ ခု၊ TMH ကုမ္ပဏီက စျေးနှုန်းမှာ ၂၄၅၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၃၈၉ ခုရှိ နေသည်။ EFR ကုမ္ပဏီကစျေးနှုန်းမှာ ၂၀၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၂၀၀ ခု၊ AMATA ကုမ္ပဏီက စျေးနှုန်း မှာ ၄၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀ ခု၊ MAEX ကုမ္ပဏီက စျေးနှုန်းမှာ ကျပ် ၁၇၀၀ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၉၈၅ ခုရှိနေသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထားကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

“YSX ရဲ့ ခုနစ်နှစ်တာဖြတ်သန်းခဲ့တဲ့ ကာလမှာ တိုးတက်မှုအနေနဲ့ စာရင်းဝင်ကုမ္ပဏီတစ်ခုနဲ့စတင်ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီ ခုနစ်ခု၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီခြောက်ခုရှိခဲ့ပါတယ်။ အခုအချိန်မှာ စတော့ ရှယ်ယာများကို အွန်လိုင်းနဲ့လည်း ရောင်းဝယ်နိုင်ပြီဖြစ်လို့ ဝယ်သူနဲ့၊ ရင်းနှီးမြှုပ်နှံသူတွေက မိမိတို့နေရာမှာတင် အစုရှယ်ယာများကို ရောင်းဝယ်မှုပြုလုပ်နိုင်ပါတယ်၊ နိုင်ငံခြားသားများပါဝင်ရောင်းချဖို့လည်း ခွင့်ပြုထားပါတယ်၊ မိမိတို့နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ပါတယ်၊ Main Board ထက် အရွယ်အစားအားဖြင့် သေးငယ်တဲ့ အများပိုင်ကုမ္ပဏီများအထူးသဖြင့် SME ၊ MSME လုပ်ငန်းများကိုစာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre-Listing Board ကို တည်ထောင်ပြီးဖြစ်ပါတယ်၊ MSME လုပ်ငန်းများ ဝင်ရောက်ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ စာရင်းဝင် ကုမ္ပဏီများကိုနိုင်ငံတော်က  Corporate Income Tax လျော့ပေးထားပါတယ်၊ နောင်တွင်လည်း ငွေချေးစာချုပ်စျေးကွက်  (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု  ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent