၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဒေါ်လာ ၅၀၇၂ သန်းကျော် ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၃၂၇ သန်းကျော်တင်သွင်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဒေါ်လာ ၅၀၇၂ သန်းကျော် ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၃၂၇ သန်းကျော်တင်သွင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 27 November 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ခုနစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဒေါ်လာ ၅၀၇၂ သန်းကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၃၂၇  သန်းကျော်တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုဒေါ်လာ ၁၁၈၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကျော်ရှိကြောင်း စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ဇူလိုင်မှစက်တင်ဘာအထိ ဒုတိယသုုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၉၁ ဒသမ ၅၅ သန်းတင်ပို့ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၀၆ ဒသမ ၁၇ သန်းတင်ပို့ထားသည်။ စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ဒေါ်လာ ၁၁၈၈ ဒသမ ၆၅ သန်းတင် ပို့ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကို ရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှု အနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁ဝသန်း၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်နိုင်ငံမှ ၅၈ သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂ သန်းတင်သွင်းထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီ လျံအထိရှိသည်။သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော(CMP)နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်း လျက်ရှိသည်။ မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent