Squid Game:The Challenge အစီအစဉ်တွင် ပါဝင်သူများက Netflix ကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်

Squid Game:The Challenge အစီအစဉ်တွင် ပါဝင်သူများက Netflix ကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်
Published 26 November 2023

Squid Game:The Challenge  အစီအစဉ်တွင် ပါဝင်သူများက Neflix ကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ လျစ်လျူရှုမှုနှင့် အခြားပြဿနာရပ်များကြောင့် ယင်းအစီအစဉ်တွင် ပါဝင်သူများက Netflix နှင့်အစီအစဉ်ဖန်တီးသူများ ကို တရားစွဲဆိုရန် စဉ်းစားသုံးသပ်လျက်ရှိကြသည်။

ထိခိုက်ဒဏ်ရာရရှိမှုများအပါအဝင် ထွက်ဆိုချက်များကို အာရုံစိုက်လုပ်ဆောင်နေသည့် ဗြိတိန်တ ရားရေးကုမ္ပဏီ Express Solicitiors က Squid Game:The Challenge အစီအစဉ်တွင်ပါဝင်သော က စားသမားနှစ်ဦးကို ကိုယ်စားပြုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူများက မလှုပ်ရှားဘဲ အအေးဒဏ်ကို အချိန်ကြာမြင့်စွာ တောင့်ခံနေရသည့် ရလဒ်အဖြစ် ဆိုးရွားသော ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများကို သတိပြုမိခဲ့ကြခြင်းမရှိဟု အခိုင်အ မာပြောကြားခဲ့သည်။

မူရင်း Squid Game ဇာတ်လမ်းတွဲသည် ရိုက်ကူးနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာပြဿနာရပ်များအတွက် ဝေဖန်မှုများရင်ဆိုင်ခဲ့ရပြီးနောက် ယင်းဇာတ်လမ်းတွဲကို မှီငြမ်းထားသော ရသစုံအစီအစဉ်တွင်လည်း အမည်မဖော်လိုသည့် ပါဝင်သူနှစ်ဦးသည် အေးခဲနေသည့် အခြေအနေများတွင် ရိုက်ကူးနေစဉ်အတွင်း ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်းနှင့် အာရုံကြောဆိုင်ရာပြဿနာရပ်များ ခံစားခဲ့ရသည်ဟု ဆိုသည်။

ယင်းထိခိုက်မှုများသည် အစီအစဉ်၏ ပထမဆုံးဂိမ်းဖြစ်သော Red Light၊ Grenn Light ကစားချိန်တွင် ကြုံတွေ့ခံစားခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။Netflix က ကစားသမား ၄၅၆ ဦးသည် ဆေးဘက်ဆိုင် ရာအကူအညီယူခဲ့ရကြောင်း ဝန်ခံထားသော်လည်း ပြင်းဒဏ်ထိခိုက်မှုများရှိသည်ဟူသည့် ပြောကြားချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

Most Read

Most Recent