ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေဟု သိရ
Published 18 November 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၂၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။ ပြင်ပစျေးကွက်မှာကို ငွေလဲ နှုန်းနည်းနည်းပြန်တက်လာတဲ့သဘောပေါ့။ ငွေလဲကောင်တာတွေကတော့ဗဟိုဘဏ်စျေးနှုန်းနဲ့ပဲ ဖွင့်လှစ်နေတာများပါတယ်”ဟု  နိုင်ငံခြားငွေကြေးရောင်းဝယ်သူတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ်စက်တင်ဘာ ၈ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၈၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၄၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၇၅၅၊ ထိုင်း ဘတ် ကျပ် ၉၀.၆၅၊ တရုတ်ယွမ် ၄၁၈ ကျပ်၊ ဂျပန်ယန်း ၂၁.၂၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်း ဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် သြဂုတ် ၂၇ ရက်ဖြင့် မြန်မာ နိုင်ငံတော်ဗဟို ဘဏ်ကထုတ်ပြန်ထားသည်။

Most Read

Most Recent