ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်
ကိုဗစ်-၁၉ ချေးငွေပဏာမစိစစ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေပဏာမစိစစ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 14 November 2023

ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့  ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ကြောင်း ကိုဗစ်-၁၉ ကြောင့်  ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်(၂/၂၀၂၃)ဖြင့် အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစား ရေးလုပ်ငန်းကော်မတီ၏တာဝန်များအနက် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ်(အတိုးနှုန်း တစ် ရာခိုင်နှုန်း)သတ်မှတ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၃၂၇ ခု၊ ချေးငွေ ပမာဏ ကျပ် ၇ ဒသမ ၆၃ ဘီလျံအား ကိုဗစ် -၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေထုတ်ပေးခဲ့သည့် မွေးမြူရေးကဏ္ဍမှ လုပ်ငန်း ၃၂၇ ခုကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ချေးငွေပြန်လည်ပေး ဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍သက်တမ်း တစ်နှစ်တိုးမြှင့်ပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုများကြောင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရန်ပုံငွေမှာ ချေး ငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ  ကုမ္ပဏီ/လုပ်ငန်း ၃၂၇ ခုအနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလသက်တမ်းနှစ်နှစ်စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာထားသည်။        

ပထမနှစ်အတွက် ပထမအကြိမ်အတိုးများအား ပေးဆပ်ပြီးဖြစ်ရမည်၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ်အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီးဖြစ်ရမည်၊ ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်သည်။

လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း”အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှချေးငွေ ထုတ်ယူထားသည့်ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေအရင်း၊အတိုးပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရအရေးယူဆောင် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကြေညာသည်။

Most Read

Most Recent