အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှတ် တိုင်အနီးတွင် အငှားယာဉ်မောင်းတစ်ဦး YBS ယာဉ်ဖြင့်အတိုက်ခံရသဖြင့် သေဆုံးမှု နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ဂိတ် ၂ ၊ ပြည်လမ်းပေါ်တွင် အမျိုးသားတစ်ဦး ယာဉ် တိုက်ခံရသဖြင့် သေဆုံးနေသဖြင့် လူမှုကူညီ ရေးအဖွဲ့မှ သွားရောက်ခဲ့သည်။
“သတင်းရလို့ သွားရောက်ခဲ့တာပါ။ ယာဉ် တိုက်မှုဖြစ်လို့body လာသယ်ပေးပါ ဆက် သွယ်လို့ သွားတာပါ။ လူကတော့ တစ်စစီ ဖြစ်သွားတယ်။ဘယ်လိုဖြစ်တယ်ဆိုတာတော့ အကျယ်တဝင့်မကြားရပါဘူး။ body ဖြစ်တဲ့ အပိုင်းအစတွေကို ကောက်တာပေါ့။ မျက်နှာ တော့ မကြည့်တော့ဘူး။ မျက်နှာလည်း ကြေ နေတာပါ။ ဦးခေါင်းကလည်း တခြားစီဖြစ် နေတာပါ။ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပါတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိ ခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှု ကွန်ရက် facebook တွင် သေဆုံးသူမှာ အငှားယာဉ်မောင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် သေဆုံးသူ မောင်းနှင်သည့် အငှားယာဉ်အား YBS ယဉ်တစ်စီးက ဝင် တိုက်မိခဲ့ကြောင်း၊ ယင်းသို့ တိုက်မိသဖြင့် အငှား ယာဉ်မောင်းက ယာဉ်ပေါ်မှ ဆင်းကာ ပြော ဆိုသည့်အချိန်တွင် YBS ယာဉ်က အငှား ယာဉ်မောင်းအား တိုက်ပြီး ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု ပျံ့နှံ့လျက်ရှိသည်။
YBS ယာဉ်မောင်းမှာ အခင်းဖြစ်ပွားပြီး နောက် ထွက်ပြေးတိမ်းရှောင်နေကြောင်း သေဆုံးသူ အငှားယာဉ်မောင်း၏ သမီးဖြစ်သူ က ၎င်းင်း၏ င်္ခေနဘသသု စာမျက်နှာတွင် ရေး သားထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင် ရာတာဝန်ရှိသူတစ်ဦးက “သိရတာတစ်ခုက ပြဿနာဖြစ်တယ်။ ဖြစ်တဲ့ချိန်မှာ အငှားယာဉ် မောင်းက အနီးအနားက ယာဉ်ထိန်းရုံးကို သွားပြောမယ့်အချိန်က တက်ကြိတ်လိုက်တာ လို့ သိရတယ်” ဟု ပြောကြားသည်။
“ဖြစ်တယ်သိရချင်း မယုံသေးဘူး။အ များကြီး မဖြစ်လောက်ဘူးလို့ဘဲ ထင်တာပါ။ ဒါပေမဲ့ နောက်မှသိရတာကYBS 43 ယာဉ် က ကျွန်မအမျိုးသားရဲ့ အငှားယာဉ်နောက် ပိုင်းကို ဝင်တိုက်တယ်။ မီးလုံးကွဲသွားတော့ ကျွန်မအမျိုးသားက ကားပေါ်က ဆင်းပြော တဲ့အချိန်မှာ YBS မောင်းတဲ့သူက ကျွန်မ အမျိုးသားကို တိုက်လိုက်တာပါ။ လူက တ ခြား ခေါင်းကတခြား ဖြစ်သွားပါတယ်။ YBS ပေါ်မှာ ပါလာတဲ့သူတွေလည်း အကုန်မြင်ပါ တယ်။ YBS ဘက်ကနေပြီးတော့ လက်ရှိအ ချိန်ထိ လာရောက်ဖြေရှင်းပေးတာမရှိသေးပါ ဘူး” ဟု သေဆုံးသူအငှားယာဉ်မောင်း၏ ဇနီး ဖြစ်သူက ပြောကြားသည်။
YBS ယာဉ်မောင်းမှာ အငှားယာဉ်မောင်း အား တိုက်ပြီးနောက် ယာဉ်ကိုထားကာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
YBS ယာဉ်အတိုက်ခံရပြီး သေဆုံးခဲ့သူ အငှားယာဉ်မောင်း၏ နာရေးအား ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။