အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်များကို ၅၉ ဒေါ်လာမှ စတင်ရောင်းချနေပြီး ခရီးသွားကာလအား ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သတ်မှတ်ထား

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ်အဖြစ် လေယာဉ်လက်မှတ်များကို ၅၉ ဒေါ်လာမှ စတင်ရောင်းချနေပြီး ခရီးသွားကာလအား ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သတ်မှတ်ထား
Published 27 October 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ်အနေဖြင့် လေယာဉ်လက်မှတ်များကို ၅၉ ဒေါ်လာမှ စတင်ရောင်းချနေပြီး ခရီးသွားကာလအား ၂၀၂၄ မတ်လကုန်ထိ သတ်မှတ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-စင်ကာပူ ခရီးစဉ်အား နေ့စဉ်တစ်ရက်နှစ်ကြိမ် ပျံသန်းနေပြီး ၁၄၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။    

အဆိုပါခရီးစဉ်အား စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် အောက်တိုဘာ ၃၁ ရက်အထိ အခမဲ့ အပို ၅ ကီလိုသယ်ဆောင်ခွင့် ရမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်အား အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး ၁၂၉ ဒေါ်လာ မှစတင်ဝယ်ယူနိုင် စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။ 

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် ခရီးစဉ်အား အပတ်စဉ် အင်္ဂါနှင့် စနေနေ့များ တွင်ပျံသန်းနေပြီး ဒေါ်လာ ၄၀၉ မှစတင်ဝယ် ယူနိုင်မည်ဖြစ်သည်။ 

ယင်းပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ကွမ်ကျိုးခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး ဒေါ်လာ ၁၈၈မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ ကွာလာလမ်ပူနှင့် စင်ကာပူခရီးစဉ်များကို တစ်နေ့နှစ်ကြိမ် ပျံသန်းနေပြီး ၇၂ နာရီမတိုင်ခင် အခမဲ့ရက် ပြောင်းလဲခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI) က ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်နှစ်ကြိမ်ပျံသန်းနေပြီး မလေးရှားလေကြောင်းလိုင်းဖြင့် မိတ်ဖက်ပျံသန်းမှုများအနေဖြင့် ဘန်ကောက်နှင့် စင်ကာပူမှ ကွာလာလမ်ပူခရီးစဉ်အားလည်းကောင်း၊ ကွာလာလမ်ပူမှ ပီနန်နှင့် လန်ကာဝီခရီးစဉ်များကိုလည်းကောင်း ပျံသန်းနေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းနှင့် ဟိုချီမင်းမြို့များသို့ အပတ်စဉ် ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များကို ထပ်တိုးခရီစဉ်များ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်-ဟနွိုင်းခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့တိုင်း ပျံသန်းနေပြီး အောက်တိုဘာ ၂၉ ရက်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ထပ်တိုးခရီးစဉ် အနေဖြင့်လည်းကောင်း၊ ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပျံသန်းနေပြီး လာမည့် နိုဝင်ဘာ ၂ ရက်မှစတင်ကာ ကြာသပတေးနေ့တိုင်း ထပ်တိုးခရီးစဉ်အနေဖြင့် ပျံသန်းသွား မည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့ တစ်ပတ်လျှင် ၄၉ ကြိမ်ထိ လေကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။          

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ဗီယက်နမ် ခရီးစဉ်အား လာမည့် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ တစ်ပတ်လျှင် ခြောက်ကြိမ်အထိ တိုးမြှင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent