တောင်သာမြို့နယ် တောင်သာ- ကျောက် ပန်းတောင်းကားလမ်းတွင် ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ် ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး တောင် သာမြို့နယ် ဝဲလောင်ကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင် (၅၀ နှစ်) သည် တောင်သာမြို့မှ စျေးဝယ်ပြီး ဝဲလောင်ကျေး ရွာသို့ ဆိုင်ကယ်ဖြင့် တောင်သာ-ကျောက် ပန်းတောင်းကားလမ်းအတိုင်း ပြန်လည်မောင်း နှင်လာစဉ် မကြီးပင် (အရှေ့) ရွာအနီး တောင် သာ- ကျောက်ပန်းတောင်း ကားလမ်းမိုင်တိုင် အမှတ် ၄၃၅ မိုင် ငါးဖာလုံနှင့် ခြောက်ဖာလုံ ကြားအရောက်၌ ၎င်းင်း၏အနောက်မှ ဆိုင်ကယ် တစ်စီးဖြင့် လိုက်ပါလာသည့် PDF နှစ်ဦး (စိစစ်ဆဲ) က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက် ပြေးသွားခဲ့သဖြင့် ဦးတင်ထွန်းနိုင်တွင် ဝဲ/ယာ လက်တို့၌ ကျည်ထိမှန်ဒဏ်ရာသုံးချက်ရရှိ ခဲ့သဖြင့် တောင်သာမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ် ပြန်ချက် အရ သိရသည်။















