ငါးနှစ်အတွင်း စက်သုံးဆီဂါလန် သန်းပေါင်း ၄၄၀၀ နီးပါးသုံးစွဲခဲ့ပြီး နှစ်စဉ် အသုံးပြုမှု မြင့်တက်

ငါးနှစ်အတွင်း စက်သုံးဆီဂါလန် သန်းပေါင်း ၄၄၀၀ နီးပါးသုံးစွဲခဲ့ပြီး နှစ်စဉ် အသုံးပြုမှု မြင့်တက်
Published 22 December 2016
အောင်ရဲကို

၂၀၁၁ ခုနှစ်မှစ၍ ငါးနှစ်အတွင်း စက်သုံးဆီဂါလန်သန်းပေါင်း ၄၄၀၀ နီးပါးသုံးစွဲခဲ့ပြီး နှစ်စဉ် စက်သုံးဆီ အသုံးပြုမှုမြင့်တက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရသိရသည်။
နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှုအနေဖြင့် ၂၀၁၀-၂၀၁၁  ခုနှစ်တွင် ဓာတ်ဆီဂါလန် ၁၅၅ ဒသမ ၀၂၅ သန်း၊ ဒီဇယ်ဆီဂါလန် ၄၆၄ ဒသမ ၈၆၆ သန်း၊၂၀၁၁- ၂၀၁၂ တွင် ဓာတ်ဆီဂါလန် ၁၄၇ ဒသမ  ၀၅၅ သန်း၊ ဒီဇယ်ဆီဂါလန် ၄၁၆ ဒသမ ၃၉၅ သန်း၊ ၂၀၁၂-၂၀၁၃ တွင် ဓာတ်ဆီဂါလန် ၁၆၄ ဒသမ ၄၅၉သန်း၊ ဒီဇယ်ဆီဂါလန် ၃၁၆ ဒသ မ ၇၄၉ သန်း နှင့် ၂၀၁၃-၂၀၁၄ တွင် ဓာတ် ဆီဂါလန် ၁၆၉ ဒသမ ၆၁ သန်း၊ ဒီဇယ်ဆီဂါ လန် ၃၇၂ ဒသမ ၄၉၃  သန်း သုံးစွဲခဲ့ကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင်လည်း ဓာတ်ဆီဂါလန် ၃၄၀ ဒသမ ၇၉၁ သန်း၊ ဒီဇယ်ဆီဂါလန် ၆၁၃ ဒသမ ၆၄၉ သန်းအထိ လွန်ခဲ့သည့်နှစ်များထက် သုံးစွဲမှုနှစ်ဆ မြင့်တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ခု နှစ်တွင် ဓာတ်ဆီဂါလန် ၄၀၃ ဒသမ ၀၉၅ သန်းနှင့်ဒီဇယ်ဆီဂါ လန် ၈၀၇ ဒသမ ၆၁၉ သန်း  အထိအသုံးပြု ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်ပမှတင်သွင်းခဲ့သည့် စက်သုံးဆီများအပေါ် တရားဝင်ကျသင့်သည့် အခွန်အခများ ပေးဆောင်စေကြောင်း၊ စက်သုံးဆီဈေးနှုန်း ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့မှ လိုအပ်သလို ဈေးနှုန်းထိန်းညှိပြီး ဖြစ်သင့်ဖြစ် ထိုက်သည့်ဈေးဖြင့် ရောင်းချခွင့်ပေးနေကြောင်း သိရသည်။
လက်ရှိတွင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက  စက်သုံးဆီအရောင်းဆိုင် ၂၀၀၄ ဆိုင် လုပ်ကိုင်ခွင့်ပြုထားသည့်အပြင် ပုဂ္ဂလိက  စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေးစခန်းခြောက်ခု၊ ရေယာဉ်များသို့ စက်သုံးဆီတိုက်ရိုက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ဖြင့် ၁၄ စီးနှင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ၁၃ ခုကို ခွင့် ပြုလိုက်ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြေညာထားသည်။
ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ခွင့် လိုင်စင်ချထားပေးမှုအရ ရန်ကုန် ၁၄၈၊ မန္တလေး ၅၁၁၊ ဧရာဝတီ ၂၀၆၊ ပဲခူး ၂၁၇၊ စစ်ကိုင်း ၁၃၆၊ မကွေး ၁၃၃၊ တနင်္သာရီ ၁၆၊ ကချင် ၇၂၊  ကယား ၁၃၊ ကရင် ၃၂၊ မွန် ၉၄ ၊ ရခိုင် ၃၃၊ ရှမ်း ၃၂၀၊ နေပြည်တော် ၇၂ နှင့် ချင်းတစ်ဆိုင်တို့ရှိကြောင်း သိရသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများအပေါ် တရားဝင်ကျသင့်သည့် အခွန်အခများ ပေးဆောင်စေပြီး ထိုက်သင့်သည့် အမြတ် အစွန်းများရယူ၍ ဈေးနှုန်းအရှင်ဖြင့် လွတ်လပ်စွာ ရောင်းချခွင့်ပြုရာတွင် ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် အသုံးပြုသူများကိုရောင်းချပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

Most Read

Most Recent