ဘရာဇီးလ်ကလပ် ချာပီကိုအန်ဆီအသင်းမှ ကစားသမားများကို တင်ဆောင်လာသည့် စင်လုံးငှားလေယာဉ်သည် ကိုလံဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မယ်ဒယ်လင်မြို့အနီးအနားတွင် ဒေသ စံတော်ချိန် နိုဝင်ဘာ(၂၉)ရက် ညဉ့်နက်သန်းခေါင်(ဂရင်းနစ် စံတော်ချိန် နိုဝင်ဘာ ၃၀ ရက် နံနက် ၅ နာရီ)၌ ပျက်ကျသွားခဲ့ကြောင်း သိရသည်။ဘိုလစ်ဗီးယားအခြေစိုက် LAMIA လေကြောင်းလိုင်းပိုင် စင်လုံးငှားလေယာဉ်တွင် ချာပီကိုအန်ဆီအသင်းမှကစားသမားများ၊ အသင်းအဖွဲ့ဝင်များအပါအဝင် ခရီးသည်(၇၂)ဦး၊ လေယာဉ်အမှုထမ်း (၉)ဦးတို့ လိုက်ပါလာပြီး ဘိုလစ်ဗီးယားမှ မယ်ဒယ်လင်မြို့သို့ပျံသန်းစဉ် မြို့သို့ရောက်ရှိရန် (၅၀)ကီလိုမီတာခန့်အလိုတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ချာပီကိုအန်ဆီအသင်းသည် ၂၀၁၆ Copa Sudamericana ပြိုင်ပွဲ(တောင်အမေရိက ကလပ်အသင်းများပြိုင်ပွဲတွင် ဒုတိယအဆင့်မြင့်ဆုံး)ဗိုလ်လုပွဲ ပထမအကျော့အဖြစ် နိုဝင်ဘာ (၃၀)ရက်နေ့တွင် မယ်ဒယ်လင်မြို့အခြေစိုက် အက်သလက်တီကိုနေစီယွန်နယ်နှင့်ကစားရန် လာရောက်စဉ် ယင်းဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။ အတည်မပြုနိုင်သေးသည့်သတင်းများအရ (၆)ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း သိရပြီး လေယာဉ်မှာ မီးမလောင်ခဲ့မှုကြောင့် အသက်ရှင်သူ ယင်းပမာဏထက် ပိုများရန် တာဝန်ရှိသူများက မျှော်လင့်လျက်ရှိသည်။ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားကလပ် ဆန်လော်ရန်ဇိုအသင်းအား အနိုင်ရပြီး အောင်ပွဲခံနေသည့် ချာပီကိုအန်ဆီအသင်းသားများ
ဘရာဇီးလ်ကလပ်အသင်းသားများ သယ်ဆောင်လာသည့် စင်းလုံးငှားလေယာဉ် ကိုလံဘီယာတွင်ပျက်ကျ
Most Read
Most Recent
33 min ago