■ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ လီဗာပူးလ် နှင့် လိဒ်စ် (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၁၅)
လီဗာပူးလ်အသင်းက နည်းပြ ယာဂန်ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ ဖလားပွဲတွေကြား ဟန်ချက်ညီညီ သွားနေနိုင်တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေလို့ ယာဂန်ကလော့ပ်အနေနဲ့ လိဂ်ဖလားမှာ အဓိက ကစားသမားတွေကို အနားပေးသွားဖို့ ရှိပါတယ်။ လိဒ်စ်ကတော့ အန်ဖီးလ်မှာ ရှိသမျှအားနဲ့ ခံကန်ပါလိမ့်မယ်။ လီဗာပူးလ် (၃) ဂိုးပြတ်ဖို့ မလွယ်လို့ လိဒ်စ်ကိုပဲ ကြိုက်တယ်။
■ ဟားလ်စီးတီး နှင့် နယူးကာဆယ် (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၁၅)
ပရီးမီးယားလိဂ် အသင်းနဲ့ လိဂ်ချန်ပီယံရှစ်အသင်း၊ ကစားရမှာက ပရီးမီးယားလိဂ် အသင်းရဲ့ကွင်း။ ဒီလိုအနေအထားမျိုးမှာ လိဂ်ချန်ပီယံရှစ်ကလပ် နယူးကာဆယ်က ပိုမိုရေပန်းစားနေတာ အံ့အားသင့်စရာ ကောင်းပါတယ်။ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ ဟားလ်စီးတီး လိဂ်ဖလားကို အာရုံစိုက်မှာ မဟုတ်ပါဘူး။ နယူးကာဆယ်ပဲ ဆီမီးတက်လိမ့်မယ်။
■ စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂) သင်း အဆင့် (ပထမအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
■ လီဟာနက်စ် နှင့် ဗလင်စီယာ (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၁း၃၀)
လာလီဂါမှာ ဆုံတွေ့ခဲ့ရာမှာတော့ ဗလင်စီယာအသင်းက အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အရံကစားသမား အများစု ထုတ်သုံးကြမယ့်ပွဲ ဖြစ်တာကြောင့် လူအင်အား ပိုတောင့်တင်းတဲ့ ဗလင်စီယာ အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။
■ စပို့တင်းဂီဂျွန် နှင့် အီဘာ (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၃၀)
လက်ရှိခြေစွမ်းအရတော့ လာလီဂါမှာ နိုင်ပွဲဆက်နေတဲ့ အီဘာက သာပါတယ်။ ဒါပေမဲ့ ဂီဂျွန်ကွင်းမှာ နိုင်ပွဲမရဖူးသလို၊ အဝေးကွင်း ခြေစွမ်းကလည်း စိတ်မချရပါဘူး။ အပြန်အလှန် ဂိုးတွေနဲ့ သရေကျဖို့ များပါတယ်။
■ အယ်လ်ကော်ကွန် နှင့် အက်စ်ပန်ညို (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၃၀)
အယ်လ်ကော်ကွန်က ဆီဂန်ဒါမှာ အိမ်ကွင်း (၃) ပွဲဆက် အနိုင်ရထားသလို၊ အက်စ်ပန်ညိုကိုလည်း အိမ်ကွင်းမှာ နိုင်ဖူးပါတယ်။ အက်စ်ပန်ညို ခြေစွာနေပေမယ့် သရေကျနိုင်ပါတယ်။
■ ဘက်တစ် နှင့် ဒီပို့တီဗို (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၃း၃၀)
ဘက်တစ်က ခြေစွမ်းမတည်ငြိမ်သလို၊ ခံစစ်ပိုင်းကပျမ်းမျှ တစ်ပွဲနှစ်ဂိုးနှုန်းလောက် ပေးထားရတာပါ။ ဒါဟာ လာလီဂါ နောက်ဆုံး (၂) ပွဲမှာ (၅) ဂိုးသွင်းခဲ့တဲ့ ဒီပို့တိုက်စစ်ပိုင်း အကြိုက်တွေ့စရာ ဖြစ်လာနိုင်ပါတယ်။ ဒီပို့နဲ့ ဂိုးအများကို ရွေးချင်ပါတယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
■ လော်ရီယန့် နှင့် ရန်းစ် (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၀၀း၃၀)
လော်ရီယန့်ရဲ့ အခြေအနေက အမှတ်ပေးဇယား အောက်ဆုံးမှာ ဆိုးရွားနေတယ်။ နိုင်ပွဲမရတာလည်း ကြာပြီ။ ရန်းစ်က တဖြည်းဖြည်းနဲ့ ထိပ်ပိုင်းကို သွားနေတယ်။ ဒါပေမဲ့ အဝေးကွင်းဆို မယုံကြည်ရဘူး။ ရန်းစ် အမှတ်လျော့နိုင်တယ်။
■ လိုင်လီ နှင့် ကိန်း (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၀၀း၃၀)
နှစ်သင်းစလုံး ယုံကြည်မှု ပျက်ပြားနေပုံပဲ။ လိုင်လီက ပိုဆိုးတယ်။ နောက်ဆုံး (၄) ပွဲဆက် ဂိုးမရခဲ့ဘူး။ မဖြစ်သင့်တဲ့ အဆင့် (၁၉) နေရာကို ရောက်နေတယ်။ ဂိုးနည်းပြီး သရေကျဖို့ များပါတယ်။
■ ဒီယွန်း နှင့် မိုနာကို (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၃၀)
အမြင့်မားဆုံး ဂိုးသွင်းအားနဲ့ မိုနာကိုက ချန်ပီယံပြေးလမ်းပေါ် ပန်းပန်နေဆဲပဲ။ ဒီယွန်းရဲ့ အိမ်ကွင်းမာဂုဏ် တချို့ကိုလည်း မိုနာကို ကျော်ဖြတ်ပြဖို့ မခက်နိုင်ဘူး။ မိုနာကိုနဲ့ ဂိုးအများပဲ ဖြစ်လာဦးမယ်ထင်တယ်။
■ ကိုပါအီတာလီယာ စတုတ္ထအဆင့်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
■ အမ်ပိုလီ နှင့် စီဆီနာ(နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန်ည ၈း၃၀)
နှစ်သင်းစလုံးက သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ တန်းဆင်းဇုန်အန္တရာယ် ရှိနေတာပါ။ ဒီပွဲမှာတော့ အမ်ပိုလီ အနိုင်ကစားသွားဖို့ များတယ်။
■ ချီယေဗို နှင့် နိုဗာရာ (နိုဝင်ဘာ ၂၉ မြန်မာစံတော်ချိန်ည ၁၁း၃၀)
ချီယေဗိုက အသင်းကြီးတွေနဲ့ တွေ့ဆုံမှုကလွဲလို့ အိမ်ကွင်းမှာ အမှားအယွင်း မရှိတတ်ပါဘူး။ ချီယေဗို ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
■ တိုရီနို နှင့် ပီဆာ (နိုဝင်ဘာ ၃၀ မြန်မာစံတော်ချိန်နံနက် ၂း၃၀)
တိုရီနိုတိုက်စစ် တစ်ပွဲ (၂) ဂိုးနှုန်းလောက် သွင်းနေတာ (၁၀) ပွဲဆက် ရှိနေပါပြီ။ တိုရီနို လူစုံရင်တော့ (၂) ဂိုးပြတ်သွင်းဖို့ မခက်ပါဘူး။
ပွဲကြိုသုံးသပ်ချက်များ
Most Read
Most Recent
18 min ago