၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် မလေးရှားအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် ဂိုးကွာခြားချက်တွင် အသာရထားသောကြောင့် မလေးရှားအသင်းနှင့် နောက်ဆုံးပွဲတွင် သရေတစ်မှတ် ရရှိရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အုပ်စုနောက်ဆုံးပွဲအဖြစ် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနှင့် မလေးရှား၊ ဝဏ္ဏသိဒ္ဓိကွင်း၌ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုဒုတိယပွဲစဉ်အပြီးတွင် ဗီယက်နမ် အသင်းက ခြောက်မှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားပြီဖြစ်ပြီး နှစ်ပွဲဆက် ရှုံးနိမ့်ထားသည့် ကမ္ဘောဒီးယား အသင်းနှင့်ပွဲတွင် သရေတစ်မှတ် ရရှိရုံဖြင့် အုပ်စုပထမနေရာ ရယူနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် ရန်အောင်ကျော်က မလေးရှားအသင်းနှင့် ကစားရမည့် ဆီမီးဖိုင်နယ်တက်ရောက်ရေး အဆုံးအဖြတ်ပွဲအတွက် ဖိအားမရှိကြောင်း ပြောကြားခဲ့သည်။ “ဒီပွဲက နှစ်သင်းစလုံးအတွက် အဆုံးအဖြတ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သရေမျှော်လင့်ချက် ရှိပေမယ့် အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားမှာပါ။ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ကြိုးပမ်းမှာ ဖြစ်ပေမယ့် ဖိအားတော့ မရှိပါဘူး။ အနိုင်ရလဒ်ရယူနိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ရန်အောင်ကျော်က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကလည်း ခက်ခဲမည့် ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အနိုင်ရလဒ် ရယူမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ဆူဇူကီးပြိုင်ပွဲ ဆီမီးတက်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် မလေးရှား ယနေ့ ယှဉ်ပြိုင်ကစားမည်
Most Read
Most Recent
54 min ago