ကျောက်ဖြူမြို့နယ်တွင် အရက် အတူသောက်ရာမှ ဆွံ့အ နားမကြားသူက နားလည်မှု လွဲကာ လူသတ်မှု ဖြစ်ပွား

ကျောက်ဖြူမြို့နယ်တွင် အရက် အတူသောက်ရာမှ ဆွံ့အ နားမကြားသူက နားလည်မှု လွဲကာ လူသတ်မှု ဖြစ်ပွား
Published 14 August 2016

ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာနှင့် ချောင်းမျှောင်ကျေးရွာအကြား ဗိဿနိုးစေတီ အရှေ့ဘက်ကုန်းကြီးဆည်တောရှိ ပြစ်မှုကျူးလွန်သူ၏ ယာတောထဲတွင် သြဂုတ် ၁၃ ရက် နံနက် ၇ နာရီခန့်က အရက်အတူ သောက်ကြရာမှ ပြောဆိုသည့် စကားကို နားလည်မှုလွဲကာ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာမှ ဦးမောင်ဖော်သူ (၇၁ နှစ်) ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူမှာ ဆွံ့အနားမကြားသူ ကျောက်ဖြူမြို့နယ် ချောင်းမျှောင်ကျေးရွာမှ နဘင်း (ခ) သာဦး (၅၄ နှစ်) ဖြစ်ပြီး ၎င်းက လယ်ယာလုပ်ငန်းတွင် ကိုင်ဆောင် အသုံးပြုသည် အရိုးအသွား ၂၇ လက်မရှိ ဓားမဖြင့် ခုတ်သတ်ခံရမှုကြောင့် ဦးမောင်ဖော်သူတွင် လည်ပင်းဝဲခြမ်း ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် မေးစေ့အောက် ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်း သိရသည်။လူသတ်မှု ကျူးလွန်သူ နဘင်း(ခ)သာဦးနှင့် သေဆုံးသူ ဦးမောင်ဖော်သူတို့သည် ယာနီးနားချင်း နေထိုင်ကြသူများ ဖြစ်သည့်အပြင် အတူနေ အတူအိပ် အတူစား အတူ အရက်သောက်ကြသူများဖြစ်သည်။ နဘင်း(ခ)သာဦးအား သြဂုတ် ၁၃ ရက် ညနေ ၅ နာရီကျော်တွင် ဖမ်းမိထားပြီဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။ အဆိုပါ အမှုအား ကျောက်ဖြူမြို့မ ရဲစခန်းက (ပ) ၆၂၁/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent