ဇွန်တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၈၇ ကျပ်ဝန်းကျင်သို့ ဆက်လက်ကျဆင်း

ဇွန်တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၈၇ ကျပ်ဝန်းကျင်သို့ ဆက်လက်ကျဆင်း
Published 17 June 2016
အောင်မြတ်ကို

ဇွန်တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၈၇ ကျပ်ဝန်းကျင်သို့ ဆက်လက်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။ဇွန် ၁၇ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ်သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၁၈၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၁၈၅ ကျပ်ဝန်းကျင် ရှိနေကြောင်း သိရသည်။ဇွန်ဒုတိယပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဇွန် ၈ ရက်မှ ဇွန် ၁၄ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၉၃ ကျပ်ဝန်းကျင်တွင် ဈေးငြိမ်နေခဲ့ပြီး ဇွန်တတိယပတ် ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၂ ကျပ်ဝန်းကျင်မှ စတင်ကျဆင်းခဲ့သော ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည်ဇွန် ၁၆ ရက်တွင် တစ်ရက်အတွင်း ခြောက်ကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၁၈၆ ကျပ်ဝန်းကျင်ရှိခဲ့သည်။ဇွန် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်ခန့်အထိ မြင့်တက်ခဲ့သော ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဇွန် ၂ ရက်တွင် တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၁၉၄ ကျပ်ဝန်းကျင်သို့ ခြောက်ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ဇွန် ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင်ရှိခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာလဲနှုန်းသည် ဇွန် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ်မှ ၃ ရက်မှ ၉ ရက်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁၁၉၀ သို့ နှစ်ကျပ် တိုးမြှင့်သတ်မှတ်ထားသည်။ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှု1န်းတွင် ဒေါ်လာသတ်မှတ်နှုန်းသည် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်မှ ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ်သို့ ထပ်မံလျှော့ချ သတ်မှတ်ထားသည်။