ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အနေဖြင့် နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားရန် အကြောင်း မရှိတော့ကြောင်းနှင့် မည်သည့်ပါတီ အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးသည့် ဇန်နဝါရီ ၂၉ ရက်တွင် သူရဦးအောင်ကိုက သတင်းမီဒီယာများအား ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ပါဘူး။ တစ်သီးပုဂ္ဂလ အနေနဲ့ပေါ့ နိုင်ငံသူ နိုင်ငံသားတွေ အကျိုးစီးပွားကို မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီ အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဖို့ အဆင်သင့် ရှိနေမှာပါ” ဟု သူရဦးအောင်ကိုက ပြောကြားသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်နောက်ပိုင်းမှစ၍ ဗဟိုကော်မတီဝင်အဖြစ်မှ အထုတ်ခံရပြီး လက်ရှိတွင် အလုပ်အမှုဆောင် ကော်မတီဝင်လည်း မဟုတ်ကြောင်း၊ ပါတီမှ နုတ်ထွက်စရာပင် လိုတော့မည် မဟုတ်ကြောင်းနှင့် သီးခြားပါတီ ထူထောင်သွားမည်လည်း မဟုတ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။
ရွေးကောက်ပွဲ အနိုင်ရပါတီ NLD မှ အစိုးရသစ်တွင် ရာထူးနေရာအတွက် ကမ်းလှမ်းထားခြင်း မရှိသေးကြောင်းနှင့် ကမ်းလှမ်းပါက လက်ခံသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းသည်လည်း ပြည်ထောင်စုအဆင့် တစ်နေရာတွင် ရှိနေသင့်သည်ဟု ထင်မြင်မိကြောင်း ၎င်းကပြောကြားသည်။
“နာယကကြီးက အတွေ့အကြုံအရပေါ့။ အခု ပထမအကြိမ် လွှတ်တော်ကြီးကို အောင်မြင်အောင် ဆောင်ရွက်ပေးသွားတဲ့ အတွေ့အကြုံတွေအရ၊ သူ့အရည်အချင်း ဂုဏ်အင်္ဂါ အရည်အချင်းတွေအရ ပြည်ထောင်စုအဆင့် တစ်နေရာမှာ ဆက်လက်ရှိနေသင့်တယ်လို့ မြင်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီဝင် အနေဖြင့် ဆက်လက်လှုပ်ရှားရန် အကြောင်း မရှိတော့ကြောင်း သူရဦးအောင်ကို ပြောကြား















