ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်း ခိုးမှုကျူးလွန်သူများအား မသင်္ကာသဖြင့် ဆက်လက် စစ်ဆေးရာမှ ဆိုင်ကယ် ၁၀ စီးခိုးယူမှုနှင့် အခြားခိုးမှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်က စုံစမ်းသိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တာဝန်ရှိသူများသည် လှိုင်မြို့မရဲစခန်းတွင် (ပ)၅၃၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၈၀/၅၄ အမှုမှ မသင်္ကာသူ အောင်အောင် (ခ) ပလာတာ ၁၈ နှစ် အင်းစိန်မြို့နယ် နေသူအား ခေါ်ယူစစ်ဆေးခဲ့ရာမှ ၎င်းနှင့်အပေါင်းအပါများသည် အဆိုပါ ဆိုင်ကယ် ၁၀ စီးခိုးယူမှုနှင့် အခြားခိုးယူမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဆိုင်ကယ်တွေ ခိုးတဲ့အဖွဲ့ ရှိနေတယ် ဆိုတာတော့ သိတယ်။ ဘယ်သူမှန်း မသိရသေးဘူး။ အဲဒီမှာ လှိုင်မှာ ဆိုင်ကယ်ခိုးမှုတစ်မှု ဖြစ်တယ်။ ခိုးတဲ့နှစ်ယောက်ကိုလည်း မိတယ်။ သူတို့ကနေ အခြားလူတွေ ပါသေးလား စစ်ဆေးလိုက်တော့ အရင်တုန်းက ကျူးလွန်ဖူးတဲ့ အမှုတွေကော ခိုးမှုတွေကိုပါ ဖော်ထုတ်လို့ရတာ။ အခုလက်ရှိမှာ သူတို့ကို လှိုင်ရဲစခန်းမှာပဲ ဖမ်းထားတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ဇန်နဝါရီ ၁၆ ရက်က ပြောသည်။ခိုးမှုများ ကျူးလွန်ခဲ့သူ အောင်အောင် (ခ) ပလာတာသည် စိုးခိုင်၊ ဘိုဘို၊ ဖိုးပြုံး (ခ) ပြုံးချို၊ ကိုပြည့်တို့နှင့် ခိုးမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း အောင်အောင် (ခ) ပလာတာနှင့် အပေါင်းအပါများသည် မရမ်းကုန်းမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီး ခိုးယူခဲ့ပြီး ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး ခိုးယူခဲ့ကာ အင်းစိန်မြို့နယ် အတွင်း၌ ဆိုင်ကယ်လေးစီး ခိုးယူခဲ့မှုများ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာမြို့နယ် စခန်းအသီးသီးက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။အလားတူ အောင်အောင်နှင့် ၎င်း၏ အပေါင်းအပါများသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း အင်းစိန်မြို့နယ် အတွင်းတွင် ဆိုင်ကယ်နှစ်စီး ခိုးယူခဲ့ကြောင်းနှင့် ဒီဇင်ဘာလတွင် ကမာရွတ်မြို့နယ် အတွင်း၌ ဆိုင်ကယ်တစ်စီး ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သည့်အတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။အလားတူ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများသည် မသင်္ကာသူ အောင်အောင်အား ဆက်လက်စစ်ဆေးရာ ၎င်းသည် အပေါင်းအပါများဖြစ်သည့် စိုးခိုင်၊ ဘိုဘို၊ ဖိုးပြုံး (ခ) ပြုံးချို၊ ကိုပြည့်တို့သည် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ သီရိရတနာ (၂) လမ်းအတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခု၏ နံဘေးတွင် သော့ခတ်ထားသော နေအိမ်တစ်အိမ်သို့ ကျူးကျော်ဝင်ရောက်၍ နေအိမ်အတွင်းရှိ ဘီရိုထဲမှ အနီရောင် ပလတ်စတစ် လက်ဆွဲအိတ် အတွင်းမှ ငွေကျပ် ၁၀၀၀၀ တန်သုံးအုပ်နှင့် ငွေကျပ် ၅၀၀၀ တန်၊ ငွေကျပ် ၂၀၀ တန်၊ ငွေကျပ် ၁၀၀ တန်၊ ငွေကျပ် ၅၀ တန်တို့နှင့်အတူ ရွှေဘူးနှစ်ဘူးထဲမှ တစ်ကျပ်သားကျော်ရှိသည့် အုန်းဆံကြိုးပုံ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေရည်ကိုးပဲကျော်ရှိ ဆွဲကြိုးတစ်ကုံး၊ လေးပဲကျော်ရှိသည့် မိုးကုတ် လက်စွပ်တစ်ကွင်း နှစ်ပဲခန့်ရှိသည့် နားကပ်တစ်ရံတို့အား တွေ့ရကြောင်း၊ ယင်းနောက် ၎င်းတို့သည် ခိုးယူရရှိထားသည် ငွေများထဲမှ ကျပ်၂၀၀ တန်၊ ကျပ် ၁၀၀ တန်နှင့် ကျပ် ၅၀ တန်တို့အား ကန်ဦးဘုန်းကြီးကျောင်းဘုရား အလှူခံဌာနသို့ လှူဒါန်းခဲ့ပြီး ကျန်ပစ္စည်းများအား အညီအမျှ ခွဲဝေရယူခဲ့ကြကြောင်း ထွက်ဆိုခဲ့သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများမှ အမှုဖွင့်၍ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အနောက်ပိုင်းခရိုင်အတွင်း ခိုးမှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးရာ ဆိုင်ကယ် ၁၀ စီးခိုးယူမှုနှင့် အခြားခိုးမှုများ ထပ်မံပေါ်ပေါက်