ရွှေသံလွင် လုပ်ငန်းစု၏ ရွှေကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မတည်ငွေ ကျပ်ဘီလျံ ၁၀၀ အထိ ခွင့်ပြုလိုက်ပြီး လက်ရှိအချိန်တွင် ကနဦး မြှုပ်နံှငွေ ကျပ်ဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံထားသော ရွှေဘဏ်ကို ဇန်နဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ကာ လုပ်ငန်းလည်ပတ်မှု စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရသည်။ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့် အမှတ် (၆၆-၇၆)တွင် ဘဏ်ရုံးချုပ် ဖွင့်လှစ်ထားသော ရွှေကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်ဖွင့်ပွဲကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ဘဏ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ရွှေကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် ပုဂ္ဂလိကဘဏ်ဖြစ်ပြီး မတည်ငွေ ၁၀၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကက ပိုင်ဆိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် ရှယ်ယာပိုင်ရှင် ၁၁ ဦးရှိပြီး ရှယ်ယာ အများဆုံးကို ရွှေသံလွင် ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း ရွှေဘဏ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ သိန်းဇော်က ပြောကြားသည်။“ဗဟိုဘဏ်က ခွင့်ပြုမတည်ငွေ ကျပ်ဘီလျံ ၁၀၀ ဖြစ်ပါတယ်။ ဒီငွေကို ကျွန်တော်တို့က တစ်ပြိုင်တည်း ထည့်ရတာ မဟုတ်ပါဘူး။ ဗဟိုဘဏ်က သတ်မှတ်တဲ့ အချိန်မှာ ထည့်ထည့်ပေးရတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ကျွန်တော်တို့ ကိန်းဂဏန်းတွေကို စောင့်ကြည့်ပြီး မတည်ငွေ ဘယ်လောက် တိုးဆို တိုးရတယ်။ အခု ကျပ်ဘီလျံ ၂၀ ကို ထည့်ဝင်ပြီး ဖြစ်တဲ့အတွက် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါဘဏ်မှ အမှုဆောင် ဒုဥက္ကဋ္ဌက ဆိုသည်။ရွှေဘဏ် အနေဖြင့် ဘဏ်ဖွင့်လှစ်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မှတ်ပုံတင်ခဲ့ပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ရရှိခဲ့သည်။ နိုင်ငံတကာနှင့် ဆက်သွယ်ပြီး ဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုင်စင်အား ၂၀၁၅ ခုနှစ်၊ ဇွန် ၂၃ တွင် Authorized Dealer license ရရှိခဲ့ပြီး နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် SWI FT အဖွဲ့ဝင်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် Mechanized Clearing House အဖွဲ့ဝင်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး MPU အဖွဲ့ဝင်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီတွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။ရွှေဘဏ်သည် ပြည်တွင်းဘဏ်လုပ်ငန်းများဖြစ်သည့် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်း၊ ငွေပေးအမိန့် (P.O) ထုတ်ပေးခြင်း၊ ဘဏ်အာမခံ အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card၊ Credit Card ထုတ်ပေးခြင်း၊ ATM စက်များ၊ POS စက်များဖြင့် ဝန်ဆောင်မှုပေးခြင်း၊ Mobile Banking၊ Internet Banking စနစ် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများအပြင် နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံခြား စာရင်းများ ဖွင့်လှစ်ပေးခြင်း၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများအတွက် LC/TT များ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ငန်းများ၊ VISA Card၊ MASTER Card ထုတ်ပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများ စသည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိ အချိန်တွင် ဘဏ်ဈေးကွက်တွင် ဈေးကွက်ဝေစု ရရှိရန် မြို့ပြနှင့် ကျေးလက်ရှိ ပြည်သူများကို Mobile Phone ဘဏ်ဝန်ဆောင်မှုများထဲမှ အချို့ ဝန်ဆောင်မှုများကို ကိုယ်စားလှယ်များမှတစ်ဆင့် အဓိကထား ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း နိုင်ငံတဝှမ်းတွင် ကိုယ်စားလှယ် ၃၂၆ ဦးဖြင့် ဆောင်ရွက်ရန် လျာထားကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရွှေကျေးဘက်နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဘဏ် ဖွင့်လှစ်ထားသော ရွှေသံလွင် ကုမ္ပဏီ အုပ်စုသည် ရုပ်သံလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လမ်းပိုင်းများ ဖောက်လုပ်ကာ လမ်းအသုံးပြုခ ကောက်ခံသည့် လုပ်ငန်းများ၊ ဆီအုန်းစိုက်ပျိုးသည့် လုပ်ငန်းများ စသည့် လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရရှိထားပြီး ယခင် စစ်အစိုးရနှင့် နီးစပ်သူဖြစ်ကာ လက်ရှိအစိုးရ လက်ထက်တွင်လည်း လုပ်ပိုင်ခွင့် အများအပြား ရရှိခဲ့သည်။
ရွှေသံလွင်က ဖွင့်လှစ်ခွင့်ရသည့် ရွှေကျေးလက်နှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ဗဟိုဘဏ်က မ,တည်ငွေ ကျပ်ဘီလျံ ၁၀၀ အထိ ခွင့်ပြုခဲ့ပြီး ကနဦး ရင်းနှီးမြှုပ်နှံငွေ ကျပ်ဘီလျံ ၂၀ ဖြင့် စတင်လည်ပတ်










