စတော့အိတ်ချိန်းတွင် စာရင်းသွင်းခြင်းမှာ အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှု မရှိပါက ဆုံးရှုံးမှုရှိလာနိုင်ကြောင်း ဈေးကွက်ချဲ့ထွင်ရေးအကြံပေး DKSH ကုမ္ပဏီ CEO ပြောကြား

စတော့အိတ်ချိန်းတွင် စာရင်းသွင်းခြင်းမှာ အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှု မရှိပါက ဆုံးရှုံးမှုရှိလာနိုင်ကြောင်း ဈေးကွက်ချဲ့ထွင်ရေးအကြံပေး DKSH ကုမ္ပဏီ CEO ပြောကြား
Published 10 January 2016
ဇော်ဝေ

ကုမ္ပဏီများအနေဖြင့် စတော့အိတ်ချိန်းတွင် စာရင်းသွင်းခြင်းမှာ အလျင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခု မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှု မရှိပါက ဆုံးရှုံးမှုရှိလာနိုင်ကြောင်း ဆွစ်ဇာလန်အခြေစိုက် ဈေးကွက်ချဲ့ထွင်ရေးအကြံပေးကုမ္ပဏီ DKSH ၏ CEO က ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ DKSH ရုံးတွင် မီဒီယာအချို့နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။DKSH သည် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်မှုနှင့် ထုတ်ကုန်များ ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာများတွင် အကြံပေးလုပ်ငန်းတွင် နှစ်ပေါင်း ၁၅၀ အတွေ့အကြုံရှိပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။အဆိုပါကုမ္ပဏီအနေဖြင့် ၂၀၁၂ ခုနှစ်တွင်မှ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီး Six Swiss စတော့အိတ်ချိန်းတွင် စာရင်းသွင်းခဲ့သည်။“ကျွန်တော်တို့အနေနဲ့ စတော့အိတ်ချိန်းမှာ စာရင်းသွင်းဖို့အတွက်  နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ အမြောက်အမြားက ရွှေကြောတွေ့သလိုပဲ အမြတ်အစွန်းရမယ်ဆိုပြီးတော့ ဝင်လာကြတယ်။ ဒါကြောင့် နှစ်ဝက်လောက် ကြာတော့ သူတို့တွေ မြတ်ပြီးတော့ဆိုတော့ မမြတ်သေးပါဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရတယ်။ စိတ်ရှည်ရတယ်။ မှန်ကန်တဲ့လက်တွဲဖော်တွေ ရှာရတယ်။ အဲဒီနောက်မှသာ ရေရှည်မှာ အမြတ်အစွန်းရတာ ဖြစ်ပါတယ်။  စတော့အိတ်ချိန်းမှာ ကုမ္ပဏီတစ်ခု စာရင်းသွင်းဖို့ဆိုတာကလည်း ဒီအတိုင်းပါပဲ။ စာရင်းမြန်မြန်ဝင်ပြီး ရောလုပ်မယ်။ ငွေတော့  မြန်မြန်ရနိုင်မယ်။ ဆော့ကစားလိုတဲ့ငွေတွေပဲ ဖြစ်တဲ့အတွက် အဲဒီနောက်မှာ ဈေးက ပြန်ကျသွားမှာဖြစ်ပါတယ်”ဟု ဆွစ်ဇာ President & CEO Dr. Joerg Wolle က ပြောကြားသည်။“ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေကို အကြံပေးလိုတာက စာရင်းမသွင်းခင်မှာ ကောင်းမွန်တဲ့ စာရင်းဇယား အခြေခံတွေရှိပြီး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေရှိဖို့ လိုတယ်ဆိုတာကိုပါ။ စာရင်းစစ်ကောင်းလည်း ရှိဖို့လိုပါလိမ်မယ်။ ဒီလိုဆိုတဲ့နေရာမှာ ဒီနေရာမှာ လူတစ်ယောက်ထဲကပဲ ဆုတ်ကိုင်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ မြင်သာ ထင်သာတဲ့လုပ်ငန်းပုံစံမျိုးဖြစ်ဖို့ လိုတယ်။ကောင်းမွန်တဲ့ ICT စနစ်တွေ လိုပါတယ်”ဟု  ၎င်းက ပြောကြားသည်။မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်စတော့အိတ်ချိန်း အဆောက်အအုံကို ဒီဇင်ဘာတွင် ဖွင့်လှစ်ခဲ့ပြီးနောက် လက်ရှိတွင် ငွေချေးသက်သေခံလက်မှတ် တာဝန်ခံ၍ တစ်ဆင့်ခံရောင်းချမည့် ကုမ္ပဏီများသည် စတော့အိတ်ချိန်းတွင် ပဏာမ စာရင်းသွင်းခွင့်ရကုမ္ပဏီများ၏ ရှယ်ယာများကို ထုတ်ရောင်းရန် ပြင်ဆင်နေပြီး မတ်လအစောပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် စတင်ရန်ရှိနေကြောင်းလည်း သိရသည်။ရန်ကုန်မြို့ မြန်မာနိုင်ငံဘဏ်များအသင်းတွင် ဇန်ဝါရီ ၉ ရက်က ပြုလုပ်သည့် “မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စတော့အိတ်ချိန်း အဆင်သင့်ဖြစ်ပြီးလား” ခေါင်းစဉ်ဖြင့်  ဟောပြောပွဲတွင်လည်း ရန်ကုန်စတော့အိတ်ချိန်းသည် သတ်မှတ်ချိန်ရောက်၍ ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပြီး အဆင့်သင့်မဖြစ်သေးကြောင်းလည်း ဦးဆောင်ဆွေးနွေးသူအချို့က သုံးသပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိထား ရင်းနှီးမြှုပ်နှံမှုလိုကြောင်းလည်း ဆွေးနွေးမှုများအရ သိရသည်။“ကျွန်တော်ကတော့ ကုမ္ပဏီခြောက်ခုစလုံး အောင်သွားမှာကို စိုးရိမ်တာ။ အခုဟာက တကယ် Listed ရထားသေးတာ မဟုတ်ဘူး။ သူတို့သုံးတဲ့ စကားလုံးကလည်း Very Confusing Aygh/listed အဖြစ် သတ်မှတ်လိုက်တယ်ပေါ့။ နိုင်ငံတကာမှာတော့ အဲဒီလိုနဲ့ ဘယ်သူမှ လက်မခံဘူး။ ဒီ ခြောက်ခုကို နောက်သုံးလအတွင်း မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ မှားသွားနိုင်တယ်။ ဖြစ်သင့်လို့ ဖြစ်သွားတယ်ဆိုရင် OK တယ်။ အခုဟာက ဖွင့်ချိန်တန်လို့ ဖွင့်လိုက်တယ်။ ၂၀၀၈ ခုနှစ်က ဆွဲသွားတဲ့ Road Map  ကြောင့် ၂၀၁၅ ခုနှစ်မှာ  ဖွင့်လှစ်လိုက်ရပေမယ့် အဆင်သင့်ဖြစ်ပြီလားဆိုရင် မဖြစ်သေးပါဘူးလို့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစိုးသိန်းက ပြောကြားသည်။            

Most Read

Most Recent