ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၅ကျပ် ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ လဲနှုန်း ၁၂၉၇ ကျပ် ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းအထံမှ စုံစမ်းသိရှိရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ငွေလဲနှုန်းသည် ဒီဇင်ဘာ နောက်ဆုံးပတ်၂၈ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၁၁ ကျပ်မှ ဒီဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၉ ကျပ်သို့ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၃၀၇ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၅ ကျပ် ရှိနေခဲ့သည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဒီဇင်ဘာ နောက်ဆုံးပတ် ၂၈ ရက်မှစ၍ တစ်ဒေါ်လာ လဲနှုန်း ၁၃၀၆ ကျပ် ဝန်းကျင်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ၁၃၀၂ ကျပ် ဝန်းကျင်သို့ တစ်ပတ်အတွင်း ၄ ကျပ် ဝန်းကျင် ကျဆင်းခဲ့ပြီး ဇန်နဝါရီ ပထမပတ် ၁ ရက်နေ့တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၉ ကျပ် ဝန်းကျင်မှ ဇန်နဝါရီ ၅ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၇ ကျပ် ဝန်းကျင်သို့ ဆက်တိုက် ကျဆင်းလာခြင်း ဖြစ်သည်။
ဇန်နဝါရီ ၅ ရက်နေ့တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၄ ကျပ် ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ၉၁၇ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၉၁၀ ကျပ် ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၀၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၃၉၀ ကျပ်ဝန်းတွင် ရှိနေသည်။
ယခုကဲ့သို့ ပြင်ပဈေးကွက်နှင့် ဗဟိုဘဏ်၏သတ်မှတ်ဒေါ်လာလဲနှုန်း ၈ ကျပ်ဝန်းကျင်ခန့် ကွာဟလာပြီ ဖြစ်သော်လည်း ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၅ ရက် နိုင်ငံခြား ငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၅ နှုန်းဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကိုရောင်းချခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၉ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၅ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟု ဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ တွင် သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၁၃၀၅ ကျပ် ရှိနေသည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း AD လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၅ ကျပ်ရှိပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၇ကျပ် ဝန်းကျင်သို့ဆက်တိုက်ကျဆင်း










