မြန်မာ့ကမ်းလွန်တွင် နိုင်ငံတကာ ကုမ္ပဏီများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်လျက်ရှိရာ ရွှေသဘာဝဓာတ်ငွေ့သိုက်မှစ၍ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်ပင်လယ်ပိုင်းနှင့် တောင်ပိုင်းလုပ်ကွက်များအထိ သဘာဝဓာတ်ငွေ့ ခိုအောင်းဖြစ်တည်မှု ရှိနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော MPRL ကုမ္ပဏီသည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင် Woodside Energy (Myanmar) Pte.,Ltd နှင့် Total E&P Myanmar တို့နှင့် ပူးပေါင်း၍ “ရွှေရည်ထွန်း” တွင်းအမှတ်(၁)ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ရာ လက်ရှိအချိန်အထိ အနက် ၅၃၀၆ မီတာထိ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။ရွှေရည်ထွန်းအမှတ် (၁) တွင်းသည် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက် ငွေဆောင်ကမ်းခြေမှ မိုင် ၃၀ ခန့်အကွာ ကမ်းလွန်ပင်လယ်တွင် ရေအနက် ၂၀၃၃ မီတာ နေရာ၌ တည်ရှိပြီး ၎င်းမှ ပင်လယ်ကြမ်းပြင် အောက်အနက် မီတာ ၅၀၀၀ ခန့်ရှိ Saung အမည်ရ လွှာတွန့်ခုံး (Anticline Structure) အတွင်း ဘူမိသက်တမ်း (Pliocene) သက်တမ်းရှိ သဲကျောက်လွှာများအထိ တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က သဲကြောစမ်းသပ်တိုင်းတာခြင်း (Wire line log) ဆောင်ရွက်ခဲ့ရာ အနက် ၄၂၉၇ မီတာ၊ အနက် ၄၃၅၆ မီတာနှင့် အနက်မီတာ ၄၄၀၀ ရှိ သဲကြောသုံးခုအတွင်း သဘာဝဓာတ်ငွေ့များ ခိုအောင်းဖြစ်တည်နေကြောင်း တိုင်းတာတွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။အဆိုပါ တိုင်းတာတွေ့ရှိမှုများအရ ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ မြန်မာ့ကမ်းလွန် လုပ်ကွက်များအတွင်း ဒေသမြောက်ဖျားပိုင်း ရွှေသဘာဝဓာတ်ငွေ့သိုက်မှစ၍ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်အလယ်ပိုင်းနှင့် တောင်ပိုင်းလုပ်ကွက်များအထိ သဘာဝဓာတ်ငွေ့ ခိုအောင်းဖြစ်တည်မှု ရှိနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်လျက်ရှိရာ ရွှေသဘာဝဓာတ်ငွေ့သိုက်မှစ၍ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်အလယ်ပိုင်းနှင့် တောင်ပိုင်းလုပ်ကွက်များအထိ သဘာဝဓာတ်ငွေ့ ခိုအောင်းဖြစ်တည်မှု ရှိနိုင်ကြောင်း အတည်ပြု










