လူဇင်ဘတ် နိုင်ငံ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ငါးနှစ်တာ စီမံကိန်း ရေးဆွဲဆောင်ရွက်နေ

လူဇင်ဘတ် နိုင်ငံ၏ အကူအညီဖြင့် ခရီးသွားလုပ်ငန်း တိုးတက်ရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ငါးနှစ်တာ စီမံကိန်း ရေးဆွဲဆောင်ရွက်နေ
Published 1 January 2016

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသဖြင့် လူဇင်ဘတ် နိုင်ငံ၏ အကူအညီဖြင့် ငါးနှစ်တာ စီမံကိန်း ရေးဆွဲကာ ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ခရီးသွားလုပ်ငန်း (ဝိဇ္ဇာဘွဲ့) ပညာသင်ကြားနေသော ကျောင်းသားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်တော်တို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့က လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီး ကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ပြည်တွင်းက ပညာရှင်များကော ပြည်ပက အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ လူဇင်ဘတ် နိုင်ငံကလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ ဝန်ကြီးဌာန၊ ပုဂ္ဂလိက ကဏ္ဍနဲ့ ပညာရေး ကဏ္ဍများအတွက် အဓိကထားပြီး ငါးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။အဆိုပါ စီမံကိန်းတွင် အဓိကအားဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ အစိုးရ ဝန်ထမ်းများ၏ ဗဟုသုတနှင့် အရည်အသွေး မြှင့်တင်ရေး၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း လုပ်ငန်း ဆောင်ရွက်နေသူများ၏ အရည်အသွေး မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်း ပညာရပ်ကို သင်ကြားနေသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေး မြှင့်တင်ရေးဟူ၍ နယ်ပယ်သုံးခု ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည့် စီမံကိန်း ဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လူဇင်ဘတ်နိုင်ငံ စီမံကိန်း ကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေး အစီအစဉ်အဖြစ် မန္တလေးမြို့တွင် ကွင်းဆင်းလေ့လာပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent