မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးအား တက္ကသိုလ် ကျောင်းဆောက်လုပ်ရာတွင် ကျပ်သိန်း တစ်ရာကျော် လာဘ်စားသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆ ဖြင့် အမှုဖွင့် တရားစွဲဆိုမှုကို တရားခံပြေး အဖြစ် ဒီဇင်ဘာ ၁၈ ရက်က မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။
“ဥပဒေမှာကို ရာထူးအဆင့်နဲ့အညီ တိုင်းတရားလွှတ်တော်မှာပဲ တရားစွဲဆိုခွင့် ရှိတယ်။ ဒါကြောင့် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ကို ဒီဇင်ဘာ ၁၈ ရက်က လူမပါဘဲ တရားခံအပြေးအနေနဲ့ အမှုစွဲတင်ထားပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကိုကိုကျော်စိုးသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မိတ္ထီလာတက္ကသိုလ် သုံးထပ်ဆောင် အာစီဆောက်လုပ်ရာတွင် MDC ကုမ္ပဏီလီမိတက်မှ ယင်း၏လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်၍ ငွေကျပ် ၁၀၉ သိန်းအား လာဘ်ငွေအဖြစ် အလီလီတောင်းခံ ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဒေါက်တာကိုကိုကျော်စိုးကို အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ နေပြည်တော်၊ စစ်ဆေးရေးမှူး ဦးသန်းထွန်းမြင့်က တရားလိုပြုလုပ်၍ ဒီဇင်ဘာ ၁၀ ရက်၌ အမှုဖွင့်တိုင်ကြားခဲ့ရာ မိတ္ထီလာမြို့မရဲစခန်းမှ (ပ) ၃၂၄/၂၀၁၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အဂတိ လိုက်စားမှုများ စစ်ဆေးအရေးယူရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မန္တလေးရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးကို ဓမ္မာရုံ တည်ဆောက်ရန် ၂၀၀၆ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ်ထိ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို ကောက်ခံရရှိခဲ့ပြီး စာရင်းရှင်းလင်းခြင်း မရှိခဲ့ကြောင်း၊ ဆိုင်အပ်နှံခလေလံ ပေးရာတွင်လည်း လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်ထားမှုများကို ၇ ကြိမ်ထိ တိုင်ကြားခဲ့သော်လည်း တစ်ကြိမ်သာစာဖြင့် သတိပေးခဲ့ပြီး ရတနာပုံတက္ကသိုလ်မှ မကွေးတက္ကသိုလ်သို့ နေရာပြောင်းရွှေ့မှုသာ ပြုလုပ်အရေးယူခဲ့ကြောင်း၊ ငွေကြေးများနှင့် ပတ်သက်၍ ပြန်လည်ပေးသွင်းခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဆရာဦးသုတထံမှ သိရသည်။
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်တိုင်ကြားမှုတွင် ပါမောက္ခချုပ်မှာ တိမ်းရှောင်နေသဖြင့် တရားခံပြေးအဖြစ် မန္တလေးတိုင်း တရားလွှတ်တော်၌ စစ်ဆေး















