မြန်မာနိုင်ငံတွင် ကျွန်းစုပေါင်း ၁၀၀၀ ခန့်ရှိသည့်အနက် ကျွန်းစု ၈၀၀ ကျော် ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစုများတွင် ဟိုတယ်လုပ်ငန်း တည်ဆောက်ရန် စီမံကိန်း ၂၅ ခု တင်ပြထားပြီး အဆိုပါ စီမံကိန်း ၂၅ ခုအနက် ကျွန်းဖီလာနှင့် ငခင်ညိုကြီးကျွန်းရှိ မြေဧက ၅၃၀ တွင် ဟိုတယ်တည်ဆောက်ရန် ငှားရမ်းထားပြီးဖြစ်ကာ ကျန်စီမံကိန်း ၂၃ ခုအား ပြည်ထောင်စု အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြကာ စိစစ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ကျွန်းဖီလာ၊ ငမန်းကျွန်းပေါ်ရှိ မြေ ၅၁၀ ဧကတွင် Mokan & ကျော်ဝင်းဖြိုး ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ငခင်ညိုကြီးကျွန်း၊ မြိတ်ကျွန်းစုရှိ ဧက ၂၀ အပေါ်တွင် United Hotels & Resort Co,Ltd က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။အဆိုပါ ကုမ္ပဏီနှစ်ခုအပြင် စမတ်ကျွန်း (ခ) ပါပန့်ကျွန်း၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်ရှိ မြေ ၁၅၀ ဧကပေါ်တွင် Aquamarine Ecotourism Development Co,Ltd က လုပ်ကိုင်ခွင့် ရရှိရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြထားသည်။ထို့ပြင် နတ်သမီးရေတွင်း ကျွန်းပေါ်ရှိ မြေ ၄၉ ဧက၊ မီးစိမ်းကျွန်းရှိ မြေ ၅၀ ဧက၊ ခရင်းခွကျွန်းပေါ်ရှိ မြေ ၈၀ ဧက၊ သံကျွန်းလေးတွင် မြေ ၂၁ ဧက၊ ငထွေရူးကျွန်းရှိ မြေ ၃၀၀ ဧက၊ ငလုံးလက်ဖယ်ကျွန်းပေါ်တွင် မြေ ၄၆ ဒသမ ၄၀ ဧက၊ စေတန်ကျွန်းပေါ်ရှိ မြေ ၄၉ ဒသမ ၆၀ ဧက၊ သန္တာနတ်ကျွန်းပေါ်ရှိ မြေ ၄၀ ဧက၊ ဘာလားကျွန်းပေါ်တွင် မြေ ၁၀၀ ဧက၊ ဖိုးနီကျွန်းတွင် မြေဧက ၁၀၀၊ စောင်းကောက်ကျွန်းရှိ မြေ ၂၄၀ ဧက၊ စူငယ်ဘာလိုင်းကျွန်းရှိ မြေ ၁၇ ဧက၊ ညောင်းဦးဖီးကျွန်းပေါ်တွင် ဧက ၁၀၀၊ စူငယ်စနန်းငင်း ကြေးတိုင်ပြင်ကွင်းရှိ ပင်လယ်ကမ်းမြေတွင် ၇၃ ဧက၊ တောဝက်ကျွန်းပေါ်ရှိ ဧက ၅၀ စသည့် မြေနေရာများကိုလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားပြီး အဆိုပါ စီမံကိန်းများကို ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ စိစစ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။အဆိုပါ ကျွန်းစုများတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် တောင်းဆိုထားသည့် လုပ်ငန်းများအနက် မြေဧကအများဆုံး တောင်းဆိုထားသည့် နေရာများနှင့် ကုမ္ပဏီများမှာ ဒိုမယ်ကျွန်း၊ ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်ရှိ မြေ ၅၅၀၀ ဧကကို Polastric Wint & Partners Legal Services Co,Ltd မှ လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားပြီး မြိတ်အများပိုင် ကုမ္ပဏီက ကတန်ကျွန်း(မြောက်ဘက်ပိုင်း)၊ လငန်းကျွန်း (စောမွန်လှကျွန်း)၊ ကွမ်းသီးကျွန်း၊ မြိတ်ကျွန်းစုများ အပေါ်တွင် မြေ ၄၄၃၆ ဧကကျော်ပေါ်၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားသည်။ထို့ပြင် ဗိုလ်နက်ကျော်ကျွန်းရှိ မြေဧက ၇၀၀ အပေါ်တွင် K Future ကုမ္ပဏီနှင့် လိုဏ်ဂူကျွန်းပေါ်ရှိ မြေဧက ၉၀၀ အပေါ်တွင် KNL Development Infinite Creation ကုမ္ပဏီက ခွင့်ပြုချက် ရရှိရန် တောင်းခံထားကာ နားခိုကျွန်းပေါ်ရှိ မြေဧက ၁၂၀၀ အပေါ်တွင် NKB ကုမ္ပဏီက ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ဆောင်ရွက်ထား၍ ကော့ရဲကျွန်းပေါ်ရှိ မြေ ၆၇၃၄ ဧကပေါ်တွင် Myanmar Life Hotel Investment ကုမ္ပဏီက ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်။တနင်္သာရီတိုင်း ဒေသကြီးတွင် ဟိုတယ် အလုံးပေါင်း ၂၆ ခု ဖွင့်လှစ်ထားပြီး ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးသာရှိကာ ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များ အများဆုံးဖြစ်နေသည်။
ကျွန်းစုပေါင်း ၈၀၀ ကျော်ရှိ တနင်္သာရီတိုင်းဒေသကြီး၌ ဟိုတယ်လုပ်ငန်း စီမံကိန်း ၂၅ ခုတင်ပြထားပြီး ကျွန်းဖီလာနှင့် ငခင်ညိုကြီးကျွန်းရှိ မြေဧက ၅၃၀ တွင် ဟိုတယ်တည်ဆောက်ရန် ငှားရမ်းပြီးဖြစ်ကာ ကျန် ၂၃ ခုကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာက စိစစ်နေ










