လူငယ် အနုပညာရှင်များစွာ ပါဝင်မည့် New Year Countdown Party ဖျော်ဖြေပွဲ ပြုလုပ်မည်

လူငယ် အနုပညာရှင်များစွာ ပါဝင်မည့် New Year Countdown Party ဖျော်ဖြေပွဲ ပြုလုပ်မည်
Published 10 December 2015

လူငယ်အနုပညာရှင်များစွာ ပါဝင်မည့်New Year Countdown Party ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ ရက်ညတွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းဝင်းအတွင်းရှိ Vintage Luxury Yacht Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါနယူးရီးယားည ဖျော်ဖြေပွဲတွင် အဆိုတော် ဟဲလေး၊ သားစိုး၊ ဘန်နီဖြိုး၊ ဂျောက်ဂျက်၊ Snare၊ G-fatt ၊ အစ္စဏီ၊ ဉာဏ်လင်းအောင်၊ ကျော်ထွဋ်ဆွေ၊ ကောင်းကောင်း၊ စိန်လင်း(Aroma)၊  ဟန်ထူးဈာန်၊ L ဒီကျော်၊ ဇေယျ၊ လုလင်ပျို၊ စိုးသီဟ၊ ထွဋ်ထွဋ်၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်ရင်းဇင်မာမြင့်၊ နန်းသူဇာ၊ Super Model ၊ မေမြတ်နိုး၊ နန့်ချစ်နဒီဇော်၊ မှူးရတနာ တို့ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး Jade Dragon Dancer အဖွဲ့လည်း ပါဝင်တင်ဆက် သွားမည်ဟု သိရသည်။ “နယူးရီးယားညမှာ ရန်ကုန်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းဝင်းအတွင်းက ရေပေါ်ဟိုတယ်မှာ ပြုလုပ်မယ့် နယူးရီးယားပွဲမှာ ဆိုဖြစ်မယ်။ နယူးရီးယားကို သီချင်းတွေဆိုရင်းနဲ့ ပရိသတ်တွေ နဲ့အတူကြိုဖြစ်မှာပါ။ မကြာခင်ရောက်လာတော့မယ့် ၂၀၁၆ က အပြောင်းအလဲတွေ အများကြီးနဲ့ ကြိုဆိုရမှာဖြစ်တဲ့အတွက် ပိုပြီး စိတ်လှုပ်ရှားပါတယ်။ နယူးရီးယား ဖျော်ဖြေပွဲတွေမှာလည်း ပျော်ရွှင်စွာ ဖြတ်သန်းကြပြီး နှစ်သစ်ကိုကြိုဆိုကြမှာပါ”ယင်းဖျော်ဖြေပွဲတွင် ပါဝင်မည့် အဆိုတော်ဟဲလေးက ရှင်းပြခဲ့သည်။  New Year Countdown Party ဖျော်ဖြေပွဲ လက်မှတ်များကို ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပြီး 1876 Hot Line အပါအဝင် လက်မှတ်အရောင်းဌာနများ၌ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ နယူးရီးယားည ဖျော်ဖြေပွဲများကို ရန်ကုန်၊ မန္တလေးနှင့်မြို့ကြီးများ၌ အနုပညာရှင်များနှင့် ပြုလုပ်ရန် စီစဉ်လျက်ရှိရာတွင် ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအဝင်ဖြစ်သည်။ နယူးရီးယားညတွင် အင်ပါယာ တီးဝိုင်းနှင့် အဆိုတော်ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုလည်း ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

Most Read

Most Recent