မြန်မာ့ဆက်သွယ်ရေးက လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G ကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည်

မြန်မာ့ဆက်သွယ်ရေးက လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G ကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည်
Published 4 July 2015

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G မိုဘိုင်းကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 2G မိုဘိုင်းကွန်ရက်များ တည်ဆောက်နေပြီး လက်ရှိတွင် နေပြည်တော်အမြန်လမ်းမကြီးတစ်လျှောက်တွင် 3G  မိုဘိုင်းကွန်ရက်များကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
 
“အခုလက်ရှိမှာဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ 3G မိုဘိုင်းကွန်ရက်တွေကို ရာခိုင်နှုန်း ၈၀ လောက် လွှမ်းခြုံပြီးထားပါပြီ။ ရန်ကုန်အပါအဝင် အခြားမြို့ကြီး မြို့ငယ်တို့မှာလည်း မိုဘိုင်းကွန်ရက် တိုးချဲ့မှုတွေ ပြုလုပ်နေပါတယ်။ အရင်က မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်နေရာတွေကို 3G မိုဘိုင်းတာဝါတိုင်တွေ ပြန်ပြီးတော့ အစားထိုး တည်ဆောက်နေပါတယ်။ တပ်ဆင်တဲ့အခါမှာလည်း မြို့ကြီးမြို့ငယ်မကျန် အကုန်လုံးကို တပ်ဆင်သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း အများစုတည်ဆောက်ပြီးနေပြီး ဆင်းမ်ကတ်များ ဆက်တိုက်ရောင်းချပေးနေသည့်အတွက်  နောက်ပိုင်းတွင် တည်ဆောက်မည့် ဆက်သွယ်ရေးတာဝါတိုင်များမှာ 3G မိုဘိုင်းကွန်ရက်များဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် မြန်မာနိုင်င်ငံတွင် ဝန်ဆောင်မှုပေးနေသည့် တယ်လီကွန်းကုမ္ပဏီ သုံးခုမှာ အူရီဒူးကုမ္ပဏီအနေဖြင့် 3G ကွန်ရက် တယ်လီနောမြန်မာအနေဖြင့် 2G နှင့် 3G ကွန်ရက်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း 2G နှင့် 3G ကွန်ရက် နှစ်မျိုးစလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး နောက်ပိုင်းတွင် 3G ကွန်ရက်ကိုသာ အသုံးပြုလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent