နိုင်ငံခြားအာမခံကုမ္ပဏီများအနက် ဂျပန်အာမခံကုမ္ပဏီများ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ရန်လျှောက်ထား

နိုင်ငံခြားအာမခံကုမ္ပဏီများအနက် ဂျပန်အာမခံကုမ္ပဏီများ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ရန်လျှောက်ထား
Published 12 May 2015
သက်ထား၊ အေးမြတ်မွန်

မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံးခွဲလာရောက်ဖွင့်လှစ်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီများအနက် ဂျပန်အာမခံကုမ္ပဏီများမှ အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် လာရောက်လျှောက်ထားမှုရှိနေကြောင်း မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ အနောက်နိုင်ငံများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ အာမခံကုမ္ပဏီ ၁၆ ခုမှ ဌာနေကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကိုမူ ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။"လောလောဆယ်မှာ အထူးစီးပွားရေးဇုန်တွေမှာ ဂျပန်ကုမ္ပဏီတွေ လျှောက်ထားတယ်။ လျှောက်ထားပေမယ့်လည်း စံသတ်မှတ်ချက်နဲ့ညီတဲ့ ကုမ္ပဏီတွေကိုသာခွင့်ပြုပေးမှာ။ စံသတ်မှတ်ချက်က အတည်ပြုချက်မရသေးလို့ ပြောလို့မရသေးဘူး။ လုပ်ကိုင်ခွင့်ပြုမှာက အတည်ပြုချက်ရပြီးတာနဲ့ ခွင့်ပြုမှာဖြစ်တယ်" ဟု မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။နိုင်ငံခြားအာမခံကုမ္ပဏီများကို အထူးစီးပွားရေးဇုန်များတွင် စတင်လုပ်ကိုင်ခွင့်ပြုရာတွင် မြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်ရုံးခွဲလာရောက်ဖွင့်လှစ်ထားသည့် ကုမ္ပဏီအားလုံးကို လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ဘဲ မြန်မာ့အာမခံကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့် စံနှုန်းနှင့်ကိုက်ညီသော ကုမ္ပဏီကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော အထူးစီးပွားရေးဇုန်များဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များတွင် နိုင်ငံခြားအာမခံကုမ္ပဏီများကို ပထမဆုံးလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။    အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ခွင့်ရမည့် နိုင်ငံခြားအာမခံကုမ္ပဏီများမှ လိုက်နာရမည့် စည်းကမ်းချက်များကိုမူရေးဆွဲပြီးဖြစ်သော်လည်း အတည်ပြုချက်မရသေးသောကြောင့်    လုပ်ကိုင်ခွင့်မပြုသေးခြင်းဖြစ်ကြောင်း သိရသည်။ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီများမှာမူ အသက်အာမခံသီးသန့်လုပ်ကိုင်သည့်ကုမ္ပဏီနှင့် အသက်အာမခံ၊ အထွေထွေအာမခံကုမ္ပဏီ နှစ်မျိုးစလုံးလုပ်ကိုင်သည့် ကုမ္ပဏီဟူ၍ လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ထို့အပြင် ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံခြားအာမခံကုမ္ပဏီများသည် အာမခံပရီမီယံနှုန်းထားကိုမူ မြန်မာ့အာမခံကြီးကြပ်ရေးအဖွဲ့မှ သတ်မှတ်ထားသည့်နှုန်းအတိုင်း တစ်ပြေးညီလုပ်ကိုင်ရမည်ဖြစ်ကာ အထူးစီးပွားရေးဇုန်များတွင် မီးအာမခံအပါအဝင် အထွေထွေအာမခံအမျိုးအစားများပါ လုပ်ကိုင်ခွင့်ရမည့်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် ပြည်ပအာမခံကုမ္ပဏီ ၁၆ ခုကိုမှာ Sompo Japan Insurance Inc, Mitsui Sumi tomo Insurance co.Ltd, Tokio Marine & Nichido fire Insura cne co.Ltd , Taiyo-Life Insur ance co.Ltd, Poema Insur-ances, American Internationl Assurance co.Ltd , Samsung Life Insurance co.Ltd, The Great Eastern Life Assurance  co. Ltd, Prudential holdings Ltd, ACE INA International Holdings Ltd, Pana Harr-ison  ( Asia ) Pte. Ltd, Manulife Finan cial Life Insurance, Willis ESihf Dongbu အာမခံကုမ္ပဏီတို့ဖွင့်လှစ်ထားကြောင်း သိရသည်။သီလဝါအထူးစီးပွားရေးဇုန်၏ အကောင်အထည်ဖော်မှုအခြေအနေသည် ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော်ပြီးစီးနေပြီဖြစ်ကာ ယခုနှစ်တွင် စတင်လုပ်ငန်းလည်ပတ်မည်ဖြစ်ကြောင်း သိရသည်။