Pee Mark ဇာတ်ကား၏ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့် ထိုင်းမင်းသမီး Davika Horrne နှင့် ထိုင်းနိုင်ငံမှ နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင် Moss Patiphan Patavikran တို့သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ရွှေတိဂုံဘုရားနှင့် ဗိုလ်တထောင် စေတီတော်များသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ "ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ လုပ်ဖို့အတွက် ကိုလူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့အတူ ကျွန်တော်တို့နဲ့ပါ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ သူတို့ ဒီနေ့လေယာဉ်နဲ့ထိုင်းကို ပြန်မှာပါ" ဟု ADMA Media မှ ဒုတိယ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုပါသည်။Davika Horrne နှင့် Moss Patiphan Patavikarn တို့သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ရွှေတိဂုံဘုရားသို့ ပထမဦးစွာ လာရောက်ဖူးမြော် လည်ပတ်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဗိုလ်တစ်ထောင်ဘုရားသို့ ဆက်လက်သွားရောက်ကာ လည်ပတ်ဖူးမြော်ခဲ့ကြခြင်း ဖြစ်သည်။ ထိုလည်ပတ်မှုများ အပြီးတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့ကြခြင်း ဖြစ်သည်။Davika Horrne နှင့် Moss Patiphan Patavikarn တို့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ထိုင်းလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် ညနေပိုင်းတွင် ရန်ကုန်မြို့ Junction Square တွင်ပြုလုပ်ခဲ့သည့် ဆီးဂိမ်းစ်အကြို ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ လူမင်းတို့နှင့်အတူ ပါဝင်တင်ဆက်ခဲ့ကြသည်။Davika Horrne နှင့် Moss Patiphan Patavikarn တို့သည် ADMA Media မှစီစဉ်ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်အတွက်လည်း သဘောတူညီမှုများ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
Pee Mark ဇာတ်ကားမှ မင်းသမီး Davika Horrne နှင့် ထိုင်းမင်းသား Moss Patiphan Patavikran တို့ ရွှေတိဂုံနှင့် ဗိုလ်တထောင် စေတီတော်များသို့ သွားရောက်ဖူးမြော်