
လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်း ဒီဇယ်နှင့်ဓာတ်ဆီတင်သွင်းမှု တန်ဖိုးဒေါ်လာသန်း ၂၀၀၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၉၄ သန်းကျော် ပိုမိုတင်သွင်းထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ၁ ရက်မှ သြဂုတ် ၄ ရက်အထိ ပြည်ပမှ ဒီဇယ်တင်သွင်းမှုအနေဖြင့် ၁၅၀၉၅၁၃ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ၁၂၆၃ ဒသမ ၆၁ သန်းရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူက ဒီဇယ် ၈၈၇,၄၄၃ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၃၉ ဒသမ ၉၁ သန်းရှိသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၄ ရက်အထိ ပြည်ပမှ ဓာတ်ဆီ တင်သွင်းမှုအနေဖြင့် ၇၇၉,၄၂၄ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၄၅ ဒသမ ၃၆ သန်းရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူက ဓာတ်ဆီ ၆၂၃၆၉၇ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၇၇၄ ဒသမ၂၁ သန်းရှိသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၄ ရက်အထိ ဒီဇယ်နှင့်ဓာတ်ဆီတင်သွင်းမှုတန်ဖိုးဒေါ်လာ ၂၀၀၈ ဒသမ ၉၇ သန်းရှိ သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ သြဂုတ် ၄ ရက်အထိ ဒီဇယ်နှင့် ဓာတ်ဆီ တင်သွင်းမှုတန်ဖိုးဒေါ်လာ ၁၈၁၄ ဒသမ ၁၂ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် လေးလကျော်အတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၉၄ ဒသမ ၈၅ သန်း ပိုမိုတင်သွင်းထားသည်။
ကမ္ဘာ့ရေနံစျေး (WTI) သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် တစ်စည် ဒေါ်လာ ၈၉ ဝန်းကျင်ရှိပြီး ပြည်တွင်း စျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများအနေဖြင့် ဒီဇယ်တစ်လီတာလျှင် ၂၂၅၅ ကျပ်၊ အောက် တိန်း 92 Ron တစ်လီတာ၂၀၁၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၁၁၅ ကျပ်ရှိခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချခဲ့သောစျေးနှုန်းများအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၄ ရက်တွင် ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၀၀၊အောက်တိန်း 92 Ron တစ်လီတာ၂၁၂၅ကျပ်၊ အောက် တိန်း 95 Ron တစ်လီတာ ကျပ်၂၂၄၀ ရှိခဲ့ သည်။ သြဂုတ် ၉ ရက်တွင် ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၆၀၊အောက်တိန်း 92 Ron တစ်လီတာ၂၁၉၅ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ်၂၃၁၀ ရှိခဲ့သည်။ သြဂုတ် ၁၉ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၄၂၅ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ၂၂၃၅ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၃၄၅ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက်တွင် ဒီဇယ်တစ်လီတာ ၂၆၅၀ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၂၄၄၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၅၆၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။