အဆိုတော်အေမင်နှင့် မင်းသား ဂိုကယူပီလ်တို့က ၎င်းတို့၏ Pre-Wedding ဓာတ်ပုံများကို ပြန်လည်မျှဝေခဲ့

အဆိုတော်အေမင်နှင့် မင်းသား ဂိုကယူပီလ်တို့က ၎င်းတို့၏ Pre-Wedding ဓာတ်ပုံများကို ပြန်လည်မျှဝေခဲ့
Photo - Soompi
Photo - Soompi
Published 14 October 2023

“The Roundup: No Way Out” မင်းသား ဂိုကယူပီလ်နှင့်အဆိုတော်အေမင်တို့ က ၎င်းတို့၏ pre-wedding ဓာတ်ပုံများကို ပြန်လည်မျှဝေခဲ့ကြသည်။

စက်တင်ဘာလအစောပိုင်းက ဂိုကယူပီလ်၏အေဂျင်စီက ဂိုသည် ၎င်းနှင့်ကာလကြာရှည်တွဲနေသည့်ချစ်သူ အေမင်နှင့် နိုဝင်ဘာ ၁၂ ရက်တွင် လက်ထပ်ထိမ်းမြားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၁၂ ရက်က အေမင်သည် ၎င်းတို့၏ pre-wedding ဓာတ်ပုံများကို လူမှုမီဒီယာတွင် မျှဝေခဲ့ပြီး “မင်္ဂလာဆောင်ရောက်ဖို့ တစ်လပဲလိုတော့တယ်ဆိုတာကို ယုံဖို့တောင်ခက်ခဲပါတယ်”ဟု ရေးသားခဲ့သည်။

၁၉၈၂ ခုနှစ်တွင်မွေးဖွားခဲ့သည့်ဂိုသည် ၁၉၉၃ ခုနှစ်တွင် “Kid Cop” အမည်ရှိ ရုပ်ရှင်နှင့်အတူ ပွဲဦးထွက်ခဲ့ပြီး “Squad 38”၊ “Life on Mars” နှင့် “Lovers of the Red Sky” အမည်ရှိ ဒရာမာဇာတ်လမ်းတွဲများတွင် ပါဝင်ခဲ့သည့်အပြင် “On Your Wedding Day” နှင့် “Honest Candidate” အမည်ရှိ ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အထူးသဖြင့် ဂိုသည် “The Roundup: No Way Out” တွင် ချိုရောင်ဇာတ်ကောင်ဖြင့် ပရိသတ်များ၏ချစ်ခင်မှုကို ရရှိခဲ့သည်။

အေမင်သည် ၂၀၁၈ ခုနှစ်က “Hide And Seek” တစ်ကိုယ်တော်အယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့ပြီး နာမည်ကျော်သီချင်းပေါင်းများစွာကို သီဆို၍ လူသိများထင်ရှားခဲ့သည်။ ထို့ပြင် အေမင်သည် “Sell Your Haunted House” ဒရာမာ၏ ဇာတ်ဝင်တေးသီချင်းကိုလည်း သီဆိုခဲ့သည်။

Most Read

Most Recent