တစ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၉ သန်းကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၂၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်လထက် တန်ချိန် ၁၀၀ ကျော် လျော့ကျ

တစ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၉ သန်းကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၂၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်လထက် တန်ချိန် ၁၀၀ ကျော် လျော့ကျ
ရန်ကုန်မြို့ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 14 October 2023

၂၀၂၃ ခုနှစ် စက်တင်ဘာလ တစ်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၉ သန်းကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၂၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်လထက် တန်ချိန် ၁၀၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၉ ဒသမ ၄၉၈ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၂၀၀၀ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း၊ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀၀ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂၃ သန်း နီးပါးတန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၉၀၀ ကျော် တင်သွင်းခဲ့သည်။

ဇူလိုင် ၁ ရက်မှ  ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၂၂ ဒသမ ၉၈၁ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၉၀၀ ကျော် တင်သွင်းခဲ့သည်။ အဆိုပါကာလအတွင်း အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။

ဇွန် ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၄ ဒသမ ၇၄၁ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၉၀၀ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနားနိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆေးဝါးတန်ချိန် ၁၂၀၀ ကျော် လျော့နည်းတင်သွင်းခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေကြောင်း သိရသည်။

Most Read

Most Recent