တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၅၇၀ သန်းကျော် တန်ဖိုးရှိသည့် ဆေးဝါးပစ္စည်းတန်ချိန် ၅၀၀ ခန့် တင်သွင်း

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၅၇၀ သန်းကျော် တန်ဖိုးရှိသည့် ဆေးဝါးပစ္စည်းတန်ချိန် ၅၀၀ ခန့် တင်သွင်း
ရန်ကုန်မြို့ရှိ ဆေးဝါးပပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆေးဝါးပပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 30 September 2023

တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၅၇၀ သန်း ကျော်တန်ဖိုးရှိသည့် ဆေးဝါးပစ္စည်းတန်ချိန် ၅၀၀ ခန့် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၅ ဒသမ ၅၇၀ သန်းတန်ဖိုးရှိ ဆေးဝါး ပစ္စည်းများတန်ချိန် ၅၀၀ ခန့် တင်သွင်းခဲ့ သည်။ အဆိုပါကာလတွင် အာဂျင်တီးနား၊

ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၈ ဒသမ၂၀၁ သန်း တန်ဖိုးရှိဆေးဝါးပစ္စည်းများ တန်ချိန် ၂၀၀၀ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင် တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်တို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်း မှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ခုနစ်သန်းကျော် တန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၅၀၀ ခန့် တင်သွင်းခဲ့ပြီး ယခင်တစ်ပတ်ထက် တန်ချိန် ၁၀၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှဒေါ်လာ ၇ ဒသမ၄၅၉ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀၀ ခန့်တင် သွင်းခဲ့သည်။ အဆိုပါကာလအတွင်း အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊စင် ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း၊ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါး တန်ချိန်၁ဝဝခန့် လျော့နည်း တင်သွင်းခဲ့သည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၂၃ သန်း နီးပါးတန်ဖိုးရှိ ဆေးဝါးပစ္စည်းတန်ချိန် ၉၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်လထက် တန်ချိန် ၁၀၀၀ ခန့် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

Most Read

Most Recent