စပိန်အစိုးရက ရှကီရာကို အခွန်ရှောင်မှုစွဲချက်ဖြင့် ဒုတိယအကြိမ် တရားစွဲ

စပိန်အစိုးရက ရှကီရာကို အခွန်ရှောင်မှုစွဲချက်ဖြင့် ဒုတိယအကြိမ် တရားစွဲ
Photo: The Times
Photo: The Times
Published 28 September 2023

၂၀၁၈ ခုနှစ်ကဝင်ငွေပေါ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ သန်း အခွန်ပေးဆောင်ခဲ့ခြင်းမရှိခဲ့ဟုဆိုကာ စပိန်အစိုးရရှေ့နေများက ကိုလံဘီယာအဆိုတော်ရှကီရာအား  စွဲချက်တင်ထားသည်။အခွန်ရှောင်မှုကိစ္စဖြင့် ဒုတိယအကြိမ် တရားစွဲခံရခြင်းလည်းဖြစ်သည်။

ရှကီရာသည် ဝင်ငွေခွန်သက်သာသည့် နိုင်ငံတစ်ခုတွင် အခြေစိုက်သည့် ကုမ္ပဏီတစ်ခုကို အသုံးချကာ အခွန်ရှောင်ခဲ့သည်ဟု ဘာစီလိုနာအစိုးရရှေ့နေများက ထုတ်ပြန်သည်။  နောက်အမှုတစ်ခုအတွက်လည်း ရှကီရာသည် နိုဝင်ဘာ ၂၀ ရက်တွင် ဘာစီလိုနာသို့  လာရောက်အမှုရင်ဆိုင်ရန် ဆင့်ခေါ်ခံထား ရသည်။နောက်အမှုက အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ သန်း အခွန်ရှောင်ထားသည့်ကိစ္စ အတွက်ဖြစ်သည်။

ရှကီရာက သူတရားဝင်နေသည့်နေရာအဖြစ် ဘဟားမားကို ပြထားသော်လည်း  ၂၀၁၂ -၂၀၁၄ ခုနှစ်၏ ကာလထက်ဝက်ကျော်ကို စပိန်တွင်သာ ကုန်ဆုံးခဲ့သဖြင့် အခွန်ပေးသင့်သည်ဟု စပိန်အစိုးရရှေ့နေများက ပြောသည်။ဒုတိယအကြိမ် တရားစွဲမှုအတွက် ရုံးတင်စစ်မည့်နေ့ကိုမူ မသတ်မှတ်ရသေးပေ။

ရှကီရာသည် ချစ်သူဘောလုံးသမားဟောင်း ဂျရတ်ပီကေးနှင့် ၁၁ နှစ်ကြာဆက်ဆံရေးကို အဆုံးမသတ်မီ မနှစ်ကအထိ ဘာစီလိုနာတွင် ပီကေးနှင့်အတူရှိနေခဲ့သည်။လက်ရှိ မိုင်ယာမီတွင် နေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း စပိန်အခွန် အာဏာပိုင်များက မက်ဆီနှင့်ရော်နယ်ဒိုတို့ကဲ့သို့ ကမ္ဘာကျော်ဘောလုံးသမားများကိုလည်း ပစ်မှတ်ထားခဲ့ပြီး သူတို့က အခွန်ရှောင်မှု ထင်ရှားခဲ့သော်လည်း ပထမဆုံးကျူးလွန်သူများအတွက် ပြဌာန်းချက်တစ်ခုကြောင့်  ထောင်ဒဏ်နှင့်ဝေးခဲ့သည်။

Most Read

Most Recent