အီတလီတွင် သွားရောက်နေထိုင်နေသည့် ဆောင်းဂျွန်ကီ တောင်ကိုရီးယားသို့ ပြန်ရောက်နေ

အီတလီတွင် သွားရောက်နေထိုင်နေသည့် ဆောင်းဂျွန်ကီ တောင်ကိုရီးယားသို့ ပြန်ရောက်နေ
Photo - Allkpop
Photo - Allkpop
Published 20 September 2023

တောင်ကိုရီးယားသရုပ်ဆောင် ဆောင်းဂျွန်ကီသည် စက်တင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက မိခင်နိုင်ငံသို့ ပြန်ရောက်လာပြီဖြစ်ပြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သူနှင့်အတူပါလာသည့်အရာက ပရိသတ်ကို စိတ်ဝင်တစားဖြစ်စေခဲ့သည်။

ဇနီး ဗြိတိန်ရုပ်ရှင်မင်းသမီးဟောင်း ကေတီလူဝီဆန်းဒါးစ်နှင့် သားဖြစ်သူတို့ကို သူနှင့်အတူ မတွေ့ရဘဲ ခွေးလေးတစ်ကောင်ကိုသာ ဆောင်းဂျွန်ကီက ပိုက်ခေါ်လာခဲ့သည်။ သူသည် မိသားစုနှင့် အီတလီတွင်သွားရောက် နေထိုင်နေသည်မှာ ခုနှစ်လကြာရှိပြီဖြစ်သည်။ 

ဆောင်းဂျွန်ကီက သူလက်ထပ်လိုက်သည့်သတင်းနှင့် ဇနီးကိုယ်ဝန်ရှိနေသည့် သတင်းကို ဇန်နဝါရီတွင်ကြေညာခဲ့သည်။ ကေတီသည် single mother၊ ၁၀ နှစ်သမီး တစ်ဦးရှိသည်ဟု အွန်လိုင်းတွင် ကောလဟလများထွက်ခဲ့သည့်အတွက် ဆောင်းဂျွန်ကီမှာ ဒေါသထွက်ခဲ့ရပြီး သတင်းအများစုက အမှန်မဟုတ်ဟု ပြောခဲ့သည်။

ဆောင်းဂျွန်ကီပါသည့် Hopeless ဇာတ်ကား အောက်တိုဘာတွင် ထွက်မည်ဖြစ်ပြီး ယင်းဇာတ်ကားက ပြီးခဲ့သည့်ကိန်းရုပ်ရှင်ပွဲတော်၌ပင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

Most Read

Most Recent